Preview

ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူး ဓါးထိုးခံရဟု သတင်းထွက်ပေါ်

သြဂုတ် ၁၉/ ၂၀၁၉ | ကြည့်ရှုသူ :9738
ရခိုင် သတင်း

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ ၁၉ သြဂုတ် ၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရဲမှူး ဓားထိုးခံရသည်ဟု သတင်းရရှိသည်။

ယနေ့ ညနေ ၅ နာရီခန့်က ကျောက်တော်မြို့ ဗိုလ်တဲရှေ့ရှိ သင်္ဘောဆိပ်တွင် ဓါးထိုးခံရခြင်း ဖြစ်ကြောင်း ကျောက်တော် ဒေသခံများက ပြောသည်။

ကျောက်တော်မြို့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးက “ ကျွန်တော်တို့လည်း တိတိကျကျ မပြောနိုင်ပါဘူး။ ဓားထိုးခံရတယ်လို့ သတင်းကြားတဲ့အတွက် သွားကြည့်တဲ့အခါ မရှိတော့ပါဘူး။ ပတ်ဝန်းကျင်က ပြောတာက မြို့နယ်မှူး ဓားထိုးခံ၇တယ်။ ၂ ချက် ထိုးခံရတယ်လို့ ပြောပါတယ်။ အခု ကျောက်တော်ဆေးရုံမှာ အောက်စီဂျင် သွင်းထားရတယ်လို့ သိရပါတယ်” ဟု ပြောသည်။ 

ဓားဖြင့်ထိုးသူမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မသိရှိရသေးကြောင်း၊ ဓားဖြင့် ထိုးသူမှာ ထွက်ပြေးလွှတ်မြောက်သွားပြီး ယခုအခါ အပူတပြင်း လိုက်ရှာနေကြောင်း ၎င်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က “ ကျွန်တော်ဆီကို ကျောက်တော်ကနေ ခုလို တော့ အကြောင်းကြားလာတာရှိပါတယ်။ ဓါးထိုးခံရတာက မြို့နယ်ရဲမှူးလို့တော့ ပြောပါတယ်။ အခု ကျွန်တော်က စစ်တွေကို ရောက်နေတော့ အသေးစိတ် မပြောနိုင်သေးဘူး။ ဆေးရုံတို့ ဘာတို့ကို ဆက်သွယ် မေးကြည့်ရပါအုံးမယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် ဒုပြည်နယ် ရဲတပ်ဖွဲ့မှူးသို့ နိရဥ္စရာက အကြိမ်ကြိမ် ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးသဖြင့် ရဲဘက်မှ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ကျောက်တော်မြို့၏ လက်ရှိ အခြေအနေမှာ ဈေးဆိုင်များကို ပိတ်ထားကြပြီး အများစုမှာ အပြင်ကို မထွက်ကြဟု ပြောဆိုသည်။

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.