Preview

ဂွမြို့နယ်သားများစုပေါင်း၍ မွန်နှင့်ကရင် ရေဘေးသင့်ပြည်သူများအား ငွေကျပ်သိန်း ၁၀၀ ကျော်သွားရောက်လှူဒါန်း

သြဂုတ် ၂၀/ ၂၀၁၉ | ကြည့်ရှုသူ :8699
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၀/၂၀၁၉

ရခိုင်ပြည်နယ် ဂွမြို့မှ မြို့သူမြို့သားများ စုပေါင်း၍ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ဘက်မှ ရေဘေးသင့် ပြည်သူများအား အလှူငွေ သိန်းတစ်ရာကျော် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဂွမြို့မှ မြို့သူမြို့သားများ စုပေါင်းကာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေဘေး သင့်နေသည့် ပြည်သူများအား သြဂုတ်လ ၁၅ ရက်နေ့က ခရီးစတင်၍ လှည့်ပတ်သွားရောက်ကာ အလှူငွေ ကျပ်သိန်းစုစုပေါင်း (၁၁၇၉၀၀၀၀) တစ်ရာ့တစ်ဆယ်ခုနှစ်သိန်းကိုးသောင်းကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

“ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းတွေရော၊ နောက်ပြီး ကယ်ဆယ်ရေးစခန်းမဟုတ်တဲ့ ရေဘေးသင့်သူတွေရောပဲသွားလှူတာပါ။ ကျွန်တော်တို့ ဂွမြို့နယ်တစ်မြို့နယ်လုံးက ကိုယ်စားပြုအနေနဲ့ စုဖွဲ့ပြီး လှူတာပါ ”ဟု အလှူငွေသွားရောက်လှူဒါန်းခဲ့သည့် ကိုကျော်မြင့်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရေဘေးသင့်ပြည်သူများအား အဖွဲ့ဝင် ၁၈ဦးဂွမြို့နယ် အဖွဲ့မှ ကိုယ်တိုင် ကိုယ်ကျ သွားရောက်ပြီး  ငွေလှူဒါန်းသည့်အပြင် ခေါက်ဆွဲထုတ်၊ အသားဗူး၊ ကိတ်မုန့်၊ ဆန်နှင့် ဆီများကိုလည်း လှူဒါန်းခဲ့ကြောင်း ကိုကျော်မြင့်မောင်က ပြောသည်။

“နှစ်တိုင်းလိုလို သဘာ၀ဘေးအန္တာရာယ်က အမြဲကြုံကြရတယ်။ ရခိုင်နဲ့က ပိုပြီးနီးစပ် နေတယ်လေ။ ရေဘေးသင့်သူတွေ ကြုံရတဲ့အတိုင်း ကိုယ်တိုင်ကြုံနေရသလိုပဲ ကျွန်တော်တို့ ခံစား၇တယ်။ အဲဒါကြောင့် ကျွန်တော်တို့က လူသားချင်းစာနာလို့ အခုလို လှူဒါန်းခဲ့တာပါ”ဟု သူကဆက်ပြောသည်။

၄င်းတို့သည် မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှ ညောင်ပင်ဆိပ်ကျေးရွာတွင် တစ်အိမ်ထောင်စုလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၈၁ စုအားလှူဒါန်းခဲ့ပြီး ကျိုက်မရောမြို့တွင်လည်း အိမ်အရောက်သွားရောက်လှူဒါန်းခဲ့ကြောင်း၊ ကရင်ပြည်နယ် ကျုံဒိုးမြို့မှ ရေဘေးသင့် ရွာများသို့လည်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိ၇သည်။

#ရေဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.