Preview

ရခိုင်တိပိဋကဆရာတော် ဦးဆောင်၍ ရန်ကုန်ရှိ ၇ခိုင်ပြည်နယ်၁ရမြို့နယ်အသင်းနှင့်အတူ မွန်ပြည်နယ်ရေဘေး ကူညီမည်

သြဂုတ် ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :1546
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ်၂၁/ ၂၀၁၉

ရခိုင် တိပိဋကဆရာတော် ဦးဣပါလ ဦးဆောင်၍ ရန်ကုန်ရောက် ၇ခိုင်ပြည်နယ် ၁၇ မြို့နယ်အသင်းနှင့်အတူ ရခိုင်စေတနာရှင် ရဟန်းရှင်လူများမှ ထည့်ဝင်ငွေများဖြင့်  မွန်ပြည်နယ် ရေဘေးဒုက္ခသည်များအတွက် ကူညီလှူဒါန်း သွားမည်ဖြစ်ကြောင်း သတင်းရရှိ်သည်။

ရခိုင်တိပိဋကဆရာတော် ဦးဣပါလက “မွန်ပြည်နယ်မှာ ရေဘေးကြောင့် လူတွေများကြီး ဒုက္ခရောက်နေကြတယ်။ ဒါကြောင့်အလှူငွေများ သွားရောက်လှူဒါန်းမှာဖြစ်တယ်။ ဒါက ပြည်ထောင်စု စိတ်ဓာတ်နဲ့ တိုင်းရင်းသားအချင်းချင်း တစ်ဦး ဒုက္ခရောက်တဲ့အခါ တစ်ဦးက ကူညီပေးတဲ့ သဘောပါ။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရန် ရည်ရွယ်ပါတယ်” ဟု နိရဥ္စရာသတင်းဌာကိုပြောသည်။

မွန်ပြည်နယ်ရေဘေးအတွက် အလှူငွေများထည့်ဝင်နေကြရာ ရမ်းဗြဲမြို့ ကျောင်းထိုင် ဆရာတော် များအသင်းမှ (၁၀)သိန်း ၊ ရမ်းဗြဲမြို့နယ်အသင်းမှ (၁၀)သိန်း၊ လေးတောင်တိုက်နယ် အသင်းမှ (၅)သိန်း၊ ကျောက်ချောင်း တိုက်နယ်အသင်းမှ (၅)သိန်း၊ သံတွဲခရိုင်အသင်းမှ (၁၀)သိန်း၊ ကျောက်တော်မြို့နယ်အသင်းမှ (၅)သိန်း၊ မာန်အောင် မြို့နယ်အသင်းမှ (၁၀)သိန်း၊ ဘူးသီးတောင်မြို့နယ်အသင်းမှ (၅)သိန်း၊ တောင်ကုတ်မြို့နယ် အသင်းမှ (၁၀)သိန်း စုစုပေါင်း ကျပ်သိန်း(၇၀) ထည့်ဝင်ထားပြီဟု သိရသည်။

ဒုက္ခသည်များကို ငွေသားများသာလှူဒါန်းသွားမည်ဖြစ်ပြီး သွားရောက်လှူဒါန်းမည့်ရက်ကို သေသေချာချာ မသတ်မှတ်ရသေးကြောင်း၊ သြဂုတ်လအတွင်း သွားရောက် လှူဒါန်းနိုင်ရန် စီစဉ်နေကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ကရင်ပြည်နယ်နှင့် မွန်ပြည်အတွင်း ရေကြီးရေနစ်မြုပ်များကြောင့် လူပေါင်း ထောင်နှင့် ချီပြီး ဒုက္ခရောက်နေကြရပြီး မိုးကြီး မြေပြို၍ မွန်ပြည်နယ်တွင် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရသည်။

မွန်နှင့် ကရင်ပြည်နယ် ရေဘေးအတွက် ဂွမြို့နယ်သူ မြို့နယ်သားများစုပေါင်းပြီး သိန်းပေါင်း ၁၀၀ ကျော် ကိုယ်တိုင်သွားရောက်ကူညီခဲ့သလို ရခိုင်အရပ်အဖွဲ့များ (ရန်ကုန်)မှလည်း သွားရောက် ကူညီလှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

(ဓာတ်ပုံ- မွန်ပြည်နယ်ရေဘေးအတွက် ၇ခိုင်အမျိုးသားအသင်းချုပ်တွင်ဆွေးနွေးနေကြစဉ်)

#သဘာဝဘွှေးန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.