Preview

အကြမ်းဖက်မှု၊ လက်နက်မှုဖြင့် တရားစွဲဆိုခံထားရသော လက္ကာရွာသား ၂၂ယောက်ကို ရကြိမ် မြောက် ရုံးထုတ်

သြဂုတ် ၂၃/ ၂၀၁၉ | ကြည့်ရှုသူ :10187
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ်လ ၂၃/ ၂၀၁၉

အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် လက်နက် အရေးပေါ်စီမံမှု ယာယီအက်ဥပဒေနှင့် ပုဒ်မတို့ဖြင့် တရားစွဲဆို ခံထားရသော မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ လူ ၂၂ယောက်ကို သြဂုတ်လ ၂၂ ရက်နေ့က စစ်တွေခရိုင် တရားရုံးတွင် ခုနှစ်ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဤအမှုအား လိုက်ပါ ဆောင်ရွက်နေသော တရားလွှတ်တော်ရှေ့နေ ဦအောင်စစ်မင်း “ဒီနေ့ တရားရုံးမှာတော့ ဘာမှထူးခြားမှုမရှိသေးဘူး။ လက္ကာအမှုမှာက တရားခံပြေးက တစ်ရာ ကျော်ပါတယ်။ တရားခံပြေး တစ်ရာကျော်ပါတဲ့ အတွက် ဒီနေ့ ယာယီတရားခံပေးတဲ့ အေဒီ မီနီသက်သေတွေ (mini witness) ကို စစ်ဆေးဖို့အတွက် သမန်ချတယ် ၊ နောက်ထပ် ရုံးချိန်းပေးတယ်။ ဒီလောက်ပါပဲ” ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများမှ သူတို့နှင့် သူတို့မိသားစုတွေ ဒုက္ခရောက်နေကြသည့် အတွက် အချိန်မဆွဲပဲ ဥပဒေအရအမြန်ဆုံးဆောင်ရွက်ပြီး အမြန်ပြန်လွှတ်ပေးဖို့ တောင်းခဲ့ကြသည်။

“ကျနော်တို့ ခု မတရားဖမ်းဆီးခံနေရတာတွေကို ဥပဒေကနေပြီး မြန်မြန်ဆန်ဆန် ဆောင်ရွက် ပေးစေချင်ပါတယ်။ ခုဆိုရင် ကျနော်တို့တော်တော်လေးကို ဒုက္ခရောက်နေပါတယ်။ ကျနော်တို့က ဆင်းရဲတဲ့မိသားစုတွေ။ ကျနော်တို့ကို် အားကိုးနေရတဲ့ ကျနော်တို့အမေ အဖေ ကျနော်တို့ မိသားစုတွေလည်း အခက်အခဲဖြစ်နေပါတယ်။ ကျနော်တို့ကို မြန်မြန်ပြန်လွှတ်ပေးပါလို့ တောင်းဆို ပါတယ်”ဟု ဖမ်းဆီးခံထားရသူ တစ်ယောက်က ပြောသည်။

ခင်ပွန်းမတရားဖမ်းဆီးခံနေရလို့ မိသားစု စားဝတ်နေရေးအဆင်မပြေဖြစ်နေကြောင်းကို လက္ကာ ကျေးရွာမှ ဒေါ်သိန်းမယဉ်က “ ယောကျာ်းအဖမ်းခံ၇တာ ၅လပြည့်တော့မည်။ ယောကျာ်း မရှိတော့ အချိန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအများကြီးပါပဲ စားရေး သောက်ရေး နေရေးထိုင်ရေ အများကြီး ဒုက္ခရောက်နေပါတယ်။ ဒါကြောင့် အမြန်ပြန်လွပ်လာစေချင်ပါတယ်” လို့ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာတွင် ဖမ်းဆီးခံခဲ့၇သော လူ ၂၇ဦးထဲမှ ၃ယောက် သေဆုံးသည်။ ကျန်ခဲ့သူ ၂၄ ဦးထဲမှ အာမခံနှင့် ၂ဦးပြန်လွှတ်လာပြီး  ကျန် ၂၂ဦးကို အမှုနှစ်ခုခွဲပြီးတရားစွဲထားသညိ။  ၁၅ ယောက်ကို ၂၀၁၄အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုပြီး ၁၆ယောက်ကို ၁၉၄၉ လက်နက်အရေးပေါ်စီမံမှု ယာယီအက်ဥပဒေနှင့် တရားစွဲထားသည်ဟု သိ၇သည်။


#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.