တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံရသူ ၁၁ဦးထဲမှ လူငယ် ၅ ဦးကိုရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 9.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ်၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့်ပတ်သတ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံနေရသူ ၁၁ ဦးထဲမှ လူငယ် ၅ ဦးကို ယနေ့ သြဂုတ်လ၂၃ ရက် ယနေ့တွင် ပုဏ္ဏားကျွန်း မြို့နယ်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်

ဖမ်းဆီးစစ်ဆေးခံနေရသူ မောင်မိုးဒီ(ခေါ်) မောင်သန်းထွန်း၏ မိခင်က “ကျမသားလေး မောင်သန်းထွန်းအပါအဝင် လူငယ်လေးယောက်ကို ဒီနေ့ရုံးထုတ်ပါတယ်။ ကျမသားလေး မောင်သန်းထွန်းကို ဇူလိုင်လ  ၂၇ ရက်နေ့က ကျမအဒေါ်ရဲ့သားကို သွားရှာခိုင်းရာကနေ ပုဏ္ဏားကျွန်းမှာ အဖမ်းခံခဲ့ရတာပါ။ ကျမသားလေးကတော့ သူလွတ်လာမှာပါလို့ ပြောတယ်။  သူမှာ အြ့ပစ်မရှိဘူးလို့ကျမကို ပြောပါတယ် “  ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးခံနေရသူများထဲတွင် အသက်(၁၈)နှစ်မပြည့်သည့်  လူငယ် ၆  ဦးပါရှိပြီး ၎င်းတို့ကို အာမခံဖြင့် လွှတ်ပေးထားသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ  မောင်နေထွန်းလင်း၏ ဖခင်ဦးမောင်ခင်မြ က “ ဒီနေ့ရုံးချိန်းမှာ အကြမ်းဖက် ဥပဒေ ပုဒ်မ ၅ဝ၊ ၅၂၊၅၃ တို့နဲ့စွဲချက်တင်ပါတယ် ။ ကျွန်တော် သားလေးက ဆယ်တန်းကျောင်းသားပါ။ အသက်၁၈နှစ်တောင် မပြည့်သေးပါဘူး။ အခု အသက်ပြည့်တဲ့ အုပ်စုနဲ့ မပြည့်တဲ့အုပ်စု နှစ်စုခွဲပြီးရုံးတင်တာမှာ ကျွန်တော်သားကို  အသက်ပြည့်တဲ့ လေးယောက်အုပ်စုနဲ့ တင်ထားပါတယ်။ အဲဒီတော့ ကျွန်တော်သားပါဆို ငါးယောက်တစ်အုပ်စု ဖြစ်သွားပါတယ်။ အမူကိုစွဲချက်တင်တာ မရှိသေးတဲ့ အတွက် ကျွန်တော်တို့မှာ လောလောဆယ် ရှေ့နေငှားထားတာ မရှိသေးပါဘူး” ဟု နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

၄င်းလူငယ် ၁၁ ဦးမှာ  ရက္ခိုင့်တပ်တော် AA အဖွဲ့သို့ဝင်ရောက်ရန် စည်းရုံးခံရသူများ ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့သည် ၁၁ ဦးသည်  ကျောက်တော်မြို့နယ် ပေါက်တော(ပလောင်)ကျေးရွာမှတဆင့် စက်လှေဖြင့် အထက်မြတ်လှဲ ကျေးရွာသို့လည်းကောင်း၊ ၄င်းမှမော်တော်ယာဉ်ဖြင့် ပုဏ္ဏားကျွန်း ကျွန်းသို့ ကားဖြင့်  လာရောက်စဉ် ဖမ်းဆီးခံခဲ့ရဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ပတ်သတ်သည်ဟု စွပ်စွဲချက် များဖြင့်ဖမ်းဆီးခံထားရသူ အယောက် ၂ဝဝ နီးပါး ရှိနေပြီဟု သိရှိရသည်။

အဆိုပါ လူငယ်များအားလာမည့် စက်တင်ဘာ ၆ ရက်နေ့တွင် ထပ်မံ၍ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြာင်း သိရသည်။

ဆက်စပ် သတင်းများ