Preview

လက်နက်ကြီးကျည်ကျ၍ ပန်းမြောင်းတွင်နောက်ထပ် ၁၀ တန်းကျောင်းသူတစ်ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်သူ အမျိုးသမီး၂ ဦးကို စစ်တွေယူဆောင်

သြဂုတ် ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :524
ရခိုင် သတင်း

ခိုင်လူလှ(ရိုးမမြေ)
စစ်တွေ၊ ၂၄ သြဂုတ် ၂၀၁၉

ပန်းမြောင်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် နောက်ထပ် အသက် ၁၅ နှစ် အရွယ် ၁၀ တန်းကျောင်းသူ မညိုညိုဝင်းသေဆုံးသွားသဖြင့် ယခုအချိန်တွင် သေဆုံးသူ  ၃ဦး ရှိသွားပြီဟု သိ၇သည်။

“ နောက်ထပ်တစ်ယောက်ဆုံးတယ်။ ၁၀ တန်းကျောင်းသူ မညိုညိုဝင်းဖြစ်ပါတယ်။ သေဆုံးသူတွေက မောင်အောင်ဇင်ဖြိုး၊ မင်းထက်ကျော်နဲ့ အခု မညိုညိုဝင်းတို့ ဖြစ်ကြပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူ မညိုညိုဝင်း (၁၅) နှစ်မှာ ဆယ်တန်းကျောင်းတက်နေသည့် ကျောင်းသူ ဖြစ်ပြီး ဖခင်မှာ ရွှေကျန်ရွာမှ ဦးကျော်သိန်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာပြင်းထန်၍ ဒေါ်ဦးကြိုင် (၆၀)နှစ် (ဖ) ဦးစိန်သာထွန်း၊ ဒေါ်အေးရွှေလှ (၆၄) နှစ် တို့ကို ပန်းမြောင်းမှ တစ်ဆင့် မြောက်ဦးသို့ ယူဆောင်သွားပြီး  ထိုမှ တစ်ဆင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်မည်ဟု သိရသည်။

ဒဏ်ရာရရှိသူသူနှင်စိုး(၂၅) နှစ် (ဖ) ဦးမောင်ဘကျော်မှ  ပန်းမြောင်းကျေးရွာတွင် ကျန်နေခဲ့ပြီး သေဆုံးသူ မင်းထက်ကျော်၏ မိခင် ဒေါ်ချိုချိုသတိလစ်သွားခဲ့ရာမှ အခု သတိပြန်လည် ရရှိခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ရွာထဲသို့ ကျလာသည့် လက်နက်ကြီးကျည်မှာ ပန်းမြောင်းကျေးရွာရှိ အောင်မင်္ဂလာ ဘုရားတောင်ပေါ်တွင် တပ်စွဲထားသော စစ်တပ်မှ ပစ်လိုက်သော ကျည်ဖြစ်ကြောင်း ဆက်သွယ် ရရှိသူ ကျေးရွာသားများ အားလုံးက ပြောကြားသည်။

အင်အား ၁၀၀ ကျော်ပါသော စစ်ကြောင်းတစ်ခုသည် သြဂုတ် ၂၁ ရက်နေ့ မှ စပြီး ပန်းမြောင်းရွာလယ်ရှိ အောင်မင်္ဂလာ ဘုရားတောင်ပေါ်တွင် စခန်းချနေပြီး အေအေနှင့် တိုက်ပွဲ ဖြစ်ပွားရာနေရာများသို့ အမြောက်ကြီးများဖြင့် လှမ်းထု ပစ်ခတ်လျှက် ရှိသည်ဟု ရွာသား တစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ ရွာလယ်တောင်ပေါ်မှ လက်နက်ကြီးဖြင့် လှမ်းပစ်နေသဖြင့် ပန်းမြောင်းရွာသားများမှာ အထူးစိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်တော်ဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.