English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
သေနတ်ပစ်ခံရ၍ ဒဏ်ရာရရှိသူ မြောက်ဦး ပေါက်တောပြင်ရွာသားကို စစ်တွေဆေးရုံသို့ပို့ဆောင်
သြဂုတ် ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :9948
ရခိုင် သတင်း
သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၄/ ၂၀၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင် ကျေးရွာသားတစ်ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာပြင်းထန်စွာရရှိသွားသဖြင့် မြောက်ဦးဆေးရုံမှ စစ်တွေဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သတင်းရရှိသည်။
သေနတ်ပစ်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူမှာ ပေါက်တောပြင်ကျေးရွာမှ ဦးသိန်းမောင် (၄ရ)နှစ်(ဘ) ဦးကျော်ဇောဖြူ ဖြစ်ကြောင်းသိ၇သည်။
၎င်းသည် သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် နွားများအားသွားလွှတ်ပြီး ဦးမောင်ထွန်းဝင်၊ ဦးမောင်ပု၊ ဦးမောင်နီ တို့နှင့် ရွာသို့ ပြန်လာစဉ် လမ်းတွင် တပ်မတော်စစ်ကြောင်း တစ်ခုနှင့်တွေ့ပြီး ကြောက်လန့်ထွက်ပြေးရာမှ သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရခြင်းဖြစ်ကြောင်း ဦးလေးတော်စပ်သူ ဦးမောင်ကျန်အေးက နိရဥ္စရာ သတင်းဌာန သို့ပြောသည်။
“မနေ့ကနွားလွှတ်ပြီးအပြန်လမ်းမှာ စစ်တပ်နဲ့တွေ့ပြီး အပစ်ခံ၇တာပါ။ ဖြစ်တာက မနေ့ နေ့ခင်းဘက် ၂ နာရီလောက်မှာဖြစ်တာပါ။ အပစ်ခံရလို့ ဒဏ်ရာရသွားပြီး တောင်အောက်ကို ပြုတ်ကျသွားတယ်လို့ ပြောတယ်။ ညနေ ပိုင်းလောက်မှာ သူက တုတ်တစ်ချောင်းထောက်ပြီး ဖြစ်တဲ့နေရာကနေ ဒဏ်ရာနဲ့လာတယ်ထင်တယ်။ ရွာနားမှာလဲပြီး သတိလစ်နေတာတွေ့လို့ ဆေးရုံပို့ခဲ့တာပါ။ ဒဏ်ရာကပြင်းထန်တော့ မြောက်ဦးကနေ စစ်တွေကို ယူတာပါ” ဟု ဦးမောင်ကျန်အေးက ပြောသည်။
ယမန်နေ့က နောက်ကျော ခါးဆစ်အနီး သေနတ်ဒဏ်ရာ ပြင်းထန်စွာဖြင့် ကျေးရွာအနီး လဲကျ သတိလစ်နေသည်ကို ကျေးရွာသားတစ်ဦးတွေ့၍ ရွာသားများအားခေါ်ကာ သုံးဘီးဆိုင်ကယ်ဖြင့် ညနေ ၅ နာရီခန့်တွင် မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒဏ်ရာရရှိသွားသူ၏ ဇနီး ဒေါ်ငွေစိန်နု ကပြောသည်။
ဒေါ်ငွေစိန်နုက “ဘယ်လိုပြောရမလဲ။ လယ်လုပ်စားရတာလည်း သင်းကျစ်တာင်အနီးမှာ လုပ်ရတာပါ။ လုပ်စားရတာကလည်း သူများဆီက ငှားပြီးလုပ်စားနေရတာ။ နွားတစ်ကောင် နှစ်ကောင်ကလည်း စားဖို့နေရာမရှိလို့ တောင်ကိုတင်ရတယ်။ တောင်ကို သွားတင်တဲ့အချိန် ကျမအိမ်ရှင် အခုလိုဖြစ်သွားတော့ စိတ်ထဲမကောင်းဘူး” ဟု ပြောသည်။
ဒဏ်ရာရရှိသွားသူ မိသားစုဝင်များက စစ်တပ်ကပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု ပြောဆိုသည့်အတွက် နိရဥ္စရာ သတင်းဌာနအနေဖြင့် တပ်ဘက်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေး ဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှုကြီး ဝင်းဇော်ဦးက တပ်ဘက်က ပစ်ခြင်းမဟုတ်ကြောင်း ပြန်လည် ငြင်းဆိုသည်။
သြဂုတ်လ ၂၃ ရက်နေ့တွင်ပင် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာ အနီးလမ်းပေါ်တွင် မိုင်းပေါက်ကွဲပြီးနောက် စစ်တပ်မှ ရွာထဲသို့ ပစ်ခတ်မှုကြောင့် တစ်နှစ်နှင့် တစ်လ အရွယ် ကလေးငယ်မိခင် အမျိုးသမီးတစ်ဦး နောက်ကျော ကျည်ဆံထိမှန်ဒဏ်ရာဖြင့် ရသေ့တောင်ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့၇ပြီး ယနေ့ ညနေ ၅ နာရီလေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်မည်ဟု သိရသည်။
#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.