သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ပန်းမြောင်းတွင် သေဆုံးခဲ့ရတဲ့ ကလေး ၃ဦးအတွက် တရားမျှတမှုကိုလိုလားကြောင်း မိသားစုများပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၂၅/၂ဝ၁၉

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာတွင် လက်နက်ကြီးကျည်စ ထိမှန်၍ သေဆုံးသွားသူ ကလေး ၃ ဦးအတွက် တရားမျှတမူကို လိုချင်ကြောင်း မိသားစုများက ပြောကြားသည်။

ဦးမောင်ဘကျော် (၆၅) နှစ် စာသင်ကျောင်းရပ်ကွက်၊ ပန်းမြောင်း၊
- မြေးဖြစ်သူလည်းဆုံးရှုံးသွားပါတယ်။ ကျွန်တော် အိမ်ထဲကို ကျပါတယ်။ အောင်ဇင်ဖြိုး (၆) နှစ်၊ တူမ ဖြစ်သူ ညိုညိုဝင်း (၁၆) နှစ် ဆုံးပါတယ်။ လက်နက်ကြီးကျည်က ကျွန်တော်အိမ်မှာ ကျတာပါ။ အိမ်ရှင်မက ဒေါ်အုံးကြိုင်ကို ထိပါတယ်။ အခု မြောက်ဦးဆေးရုံမှာပါ။ သမီး ဖြူနှင်းစိုး စစ်တွေ ဆေးရုံမှာပါ။ ကျွန်တော် တစ်ယောက်တည်းဘဲရှိပါတယ်။ မြေးအလောင်းနဲ့ တူမ အလောင်းဘေးမှာပါ။ အောင်မင်္ဂလာ တောင်ထက်က ပစ်ပါတယ်။ လက်နက်ကြီး သုံးလုံးတည်လို့ ရှိပါတယ်။ အခုလည်း ပစ်နေပါတယ်။ တောထဲ အရှေ့ဘက်တောင်တန်းကို ပစ်ပါတယ်။ မနေ့က တစ်လုံးပစ်တာမှာ ကျပါတယ်။ အဲဒီ ပစ်တဲ့ တစ်လုံး  ရွာထဲကို ကျကတည်းက မပစ်တော့ဘူး။ ဒီနေ့ဘဲ ဆက်ပစ်နေတာပါ။ ဒီကနေ့ မိုးထက အခုဆက်ပစ်ပါတယ်။ မနေ့ကတော့ စစ်တပ်က လက်နက် အစတွေကို လည်း ကောက်ယူသွားပါတယ်။ ကျွန်တော်မှာက မြေးလည်း အသက်မရှိတော့ဘူး။ တူမလည်း အသက်မရှိတော့ဘူး။ မိန်းမလည်းလဲလို့၊ သမီးလည်းလဲလို့။ ရွာသားတွေ အကုန်လုံးက စစ်တပ်က ပစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်သူတို့ ဝန်မခံပါ။ အေအေက ပစ်တယ်လို့ ပြောပါတယ်။ အခုလည်း သူတို့ တောင်ပေါ်ကနေ ပစ်နေပါတယ်။ ရွာလယ်ကောင်က စခန်းချပြီး ပစ်နေရင် နောက်ထက် ဒီလို အဖြစ်ဆိုးနဲ့ ကြုံရပါဖို့။ ဒီအတွက်နဲ့ ဘုရားမြေ ရွာလယ်ကောင်မှာ တပ်ကို ချမထားစေချင်ပါ။ ထားလို့လည်း မဖြစ်တော့ဘူး။ နောက်ထပ် အသည်းကြွေကျပါဖို့။ အိမ်နှစ်ဆောင် ခေါင်းချင်လို့ရှိပါတယ်။ အဲဒီမှာကျတာပါ။ ခံစားမတတ်ဖြစ်နေပါတယ်။ နောက်ထပ် ဒီလို အဖြစ်မျိုးကိုလည်း မဖြစ်စေချင်ပါ။ ကြုံလည်း မကြုံတွေ့ချင်ပါ။ အခု ဖြစ်သွားတဲ့ အမှုအပေါ်မှာလည်း မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ တရားမျှတမှု ရှိနိုင်ဖို့ သက်ဆိုင်ရာက ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးစေလိုပါတယ်။

( ဦးမောင်ဘကျော်ဟာ သေဆုံးသွားတဲ့ အောင်ဇင်ဖြိုးရဲ့ အဖိုးဖြစ်သလို၊ မညိုညိုဝင်းရဲ့ ဦးလေးတော်သူ ဖြစ်ပါတယ်။ ဦးမောင်ဘကျော်ရဲ့ ဇနီးဖြစ်သူ ဒေါ်အုံကြိုင်ကတော့ မြောက်ဦးဆေးရုံမှာ တင်ထားရပြီး သမီးဖြစ်သူ ဒေါ်ဖြူနှင်းစိုးကိုတော့ ဒဏ်ရာပြင်းထန်တဲ့ အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ကုသနေရပါတယ်။)
-------------------------

ဇာဇာထွန်း (ညိုညိုဝင်းရဲ့မောင်) 
မောင်နှမ နှစ်ယောက် ကျောင်းတက်နေပါတယ်။ ညီိမချေတော့ သေဆုံးသွားပါပြီ။ အဖေရော၊ အမေရော ရောက်နေကြပြီ။ ညီမလေးရဲ့ အလောင်းနားမှာ ရှိပါတယ်။ အမေကတော့ စကား မပြောနိုင်အောင်ထိ ဝမ်းနည်းနေပါတယ်။ ကျွန်တော်တို့မှာ မောင်နှမ သုံးယောက်ရှိပါတယ်။ ဆုံးသွားတာက အလတ်ပါ။ ကျွန်တော်အရမ်းခံစားရပါတယ်။ ညီမလေးဆုံးသွားတော့ ပြောမတတ်အောင်ခံစားရပါတယ်။

--------------------------------------------

ဦးကျော်သိန်း (၅၂) နှစ်(မညိုညိုဝင်းရဲ့ ဖခင်)
-ဒီကနေ့ တစ်နာရီခွဲ ၂ နာရီလောက်မှာ သင်္ဂြိုလ်မှာပါ။ ကျွန်တော်က ရွှေကျင်ကနေ ရောက်လာတာပါ။ ကျွန်တော် ရောက်လာတဲ့ အချိန်မှာ ကျွန်တော်ကို ပြောတာက ပန်းမြောင်းရွာထဲမှာ စခန်းချနေတဲ့ နေရာက ပစ်တာ၊ လက်နက်ကြီးကလည်း ဝုန်းကနဲ စဉ်လာပြီး ကျတာလို့ ပြောကြပါတယ်။ အမှန်တကယ်က အဲဒီတပ်ကနေ ပစ်တာလို့ အားလုံးက ပြောပါတယ်။ ကျွန်တော်သမီးက ဦးမောင်ဘကျော်အိမ်မှာ ကျောင်းတက်နေတာပါ။ ကျွန်တော်သားနဲ့ ကျွန်တော်သမီးပါ။ ကျွန်တော်သမီးက ထမင်းစားဖို့ ပြင်နေချိန်မှာ အဲသလို ကျသွားပါတယ်။ အိမ်အောက်မှာ အခန်းရှိပါတယ်။ အဲဒီကျည်ဆံဟာ လာပြီးတော့ အိမ်ရှေ့ဘက်က အခန်းတွဲ အယပ်ရှိပါတယ်။ ဓနိနဲ့ မိုးထားတဲ့ အယပ်ပါ။ အဲဒီကို ဖေါက်ပြီးကျပါတယ်။ ကျကျချင်း ကျွန်တော်သမီးနဲ့ ကလေးနှစ်ယောက် ပွဲချင်းပြီး သေပါတယ်။ တစ်ခြားလူတွေ ဒဏ်ရာရပါတယ်။ ဒဏ်ရာရ ရချင်းကျွန်တော်သမီးဆီကို မောင်ဖြစ်တဲ့သူပြေးလာပါတယ်။ ရင်ခွင်မှာပိုက်ပြီး ဆေးရုံကို ယူရာမှာ လမ်းမှာဘဲ အသက်ထွက်ပါတယ်။ ကျွန်တော်ဇနီးက ဒေါ်လှခိုင်စောပါ။ ညိညိုက (၁၆) နှစ်၊ အကြီးနဲ့ အလတ်က ပန်းမြောင်းမှာ ဦးမောင်ဘကျော် အိမ်ကနေပြီး ကျောင်းတက်ပါတယ်။ အငယ်သူက ရှစ်တန်းပါ။  အခုလည်း ပန်းမြောင်း တောင်ပေါ်ကနေ လက်နက်ကြီးပစ်နေပါတယ်။ ဒီနေ့ မိုးလင်းကတည်းက ပစ်နေတာပါ။ အသုဘ ချဖို့ ကြောက်ကြောက်လှန့်လှန့်ပါ။ ကျွန်တော် တစ်ခု ပြောချင်တာ ကျွန်တော် ကလေးတွေမှာ အပြစ်လည်း ဘာတစ်ခုမှ ရှိတဲ့ ကလေးတွေ မဟုတ်ပါဘူး။ နိုင်ငံရေး ထိုအရေး၊ ဒီအရေးကို သိ်တာမဟုတ်ပါ။ သူတို့ဘဝကို မြှင့်တင်ဖို့ ပညာရေးကို လုပ်နေကြတာပါ။ ပညာရေးကိုကြိုးစားနေတဲ့ အချိန်မှာ ခုလို မသေသင့်ဘဲ သေခဲ့ရတဲ့ အတွက် ကျွန်တော်တို့က တရားမျှတမှုကိုဘဲ လိုချင်ပါတယ်။ တရားမျှတမှုကိုရမှ ကျွန်တော်တို့ ကျေနပ်နိုင်ပါမယ်။

--------------------------
ဦးကျော်ဇံလှ (၆၃) နှစ် (မင်းထက်ကျော်အဖိုး)
ဒီကျည်ဟာ အေအေဆီကလာတာတဲ့။ ကျွန်တော်တို့က စစ်တပ်ချထားတဲ့ အောင်မင်္ဂလာ တောင်က လာတာလို့ ပြောပါတယ်။ တိုက်ရိုက်လာကျတာလို့ ပြောပါတယ်။ ရွာလယ်ကောင်မှာသူတို့ရှိပါတယ်။ အခု လည်းရှိပါတယ်။ ဒီတောင်ပေါ်က ပစ်လို့ ရွာကို ကျလာပါတာလို့ ပြောပါတယ်။  အခုလည်း သူတို့ ပစ်နေပါတယ်။ ကျွန်တော်တို့လိုချင်တာက တရားမျှတမှုကို လိုချင်ပါတယ်။

(ပြီး)


ဆက်စပ် သတင်းများ