Preview

ပန်းမြောင်းတောင်ပေါ်မှ လက်နက်ကြီးများဆက်လက်ပစ်ခတ်နေ၍ ကျေးရွာသားများထွက်ပြေး

သြဂုတ် ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :9155
ရခိုင် သတင်း

နောင်ခိုင်အောင်
နိရဥ္စရာ၊ သြဂုတ် ၂၆/၂၀၁၉

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်ကျေးရွာ၏ ရွာလယ်တောင်ပေါ်မှ စစ်တပ်မှ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေမှုကြောင့် ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု သတင်းရရှိသည်။

“မြန်မာတပ်တော်ကနေပြီးတော့ ရွာလယ်က အောင်မင်္ဂလာတောင်မှာထိုင်နေပါတယ်။ ကျနော်တို့လည်း မနေ့က ကလေးသုံးယောက်သေဆုံးပြီးတော့ သဂြိုလ်လိုက်ရပါတယ်။ ဒဏ်ရာရတဲ့လူက ဒဏ်ရာရဆိုတော့ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ချင်သလိုပစ်နေတော့ ကျနော်တို့လည်း မနေရဲတော့ဘူး။ အခု ကျနော် ရွှေဖောင်တော်ဘုန်းကြီးကျောင်းကို ရောက်နေပါတယ်။ အိမ်ကိုလည်း ဒီအတိုင်း ထားခဲ့ရပါတယ်” ဟု ပန်းမြောင်းကျေးရွာ မြအောင်ရပ်ကွပ်မှ ရွှေဖောင်တင် ဘုန်းတော်ကြီး ကျောင်းတွင် ဝင်ရောက်ခိုလုံနေသူ တစ်ဦးဖြစ်သည့် ဦးမောင်စောမြင့်က ပြောသည်။
 
ရွာလယ်တောင်ပေါ်တွင်ရောက်ရှိနေသည့် မြန်မာတပ်မတော်ဘက်မှ ယမန်နေ့ ညဉ့် ၁၂ နာရီခွဲအချိန်ခန့်က လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့သောကြောင့် ကျေးရွာသား တစ်ထောင်ကျော် လောက်ထွက်ပြေးနေကြကြောင်း ဒုက္ခည်စခန်းတာဝန်ခံ ဦးမျိုးသာထွန်းက ပြောသည်။

“ဒီပန်းမြောင်းရွာလယ်တောင်ကနေ့ ပစ်နေတယ်ဆိုတော့ ရွာထဲမှာမနေရဲကြတော့ဘူးလေ။ မင်းပြားတို့၊ မြောက်ဦးတို့အဲလိုနီးစပ်ရာကို ထွက်ပြေးကြပါတယ်။ ရွာမှာက အုပ်စုနှစ်စုပေါင်းဆိုရင် အိမ်ခြေ ၂၄၀၀ လောက်ရှိပါတယ်။ အခုထွက်ပြေးနေကြတာက အိမ်ခြေ ၁၀၀၀ လောက်ရှိနေပြီ။” ဟု ရွှေဖော်တင်ဘုန်းတော်ကြီးကျောင်းတွင်ဖွင့်လှစ်ထာသည့် ဒုက္ခသည်စခန်းမှ စခန်းခေါင်းဆောင် ဦးမျိုးသာထွန်းက ပြောသည်။

ပန်းမြောင်းကျေးရွာ ရွှေဖောင်တင်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင် စခန်းတွင် စားရေးသောက်ရေးအခက်အခဲဖြစ်နေကြာင်း၊ အင်တာနက်လို်င်းများ မရှိသောကြောင့် အလှူရှင်များသိအောင် အသိပေးနှိုးဆောင်ရန်အတွက် အခက်အခဲများရှိနေသည့်အတွက် အလှူရှင်များလားရောက်မှုနည်းပါးနေကြာင်း ဦးမျိုးသာထွန်းက ပြောသည်။

ပန်းမြောင်းကျေးရွာရှိ အောင်မင်္ဂလာတောင်ပေါ်တွင် မြန်မာစစ်တပ်က ယခုလ ၂၁ ရက်နေ့မှစ၍ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသည့်နေရာများကို အမြောက်ကြီးများဖြင့် လှမ်းပြီးပစ်ခတ်နေစဉ် သြဂုတ်လ ၂၄ ရက်နေ့မနက် ၉ နာရီကျော်အချိန်က ရွာထဲသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြကြောင်း ဒေသခံ ရွာသားများက ပြောသည်။

သို့သော် တပ်မတော်ဘက်က ပြောခွင့်၇သူက ၎င်းလက်နက်ကြီး ကျည်မှာ တပ်ဘက်က ပစ်လိုက်သော လက်နက်ကြီးကျည် မဟုတ်ကြောင်း ငြင်းဆိုထားသည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.