ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်ထွန်းရဝေရွာမှ မခင်ဝင်းချေ၏ ခွဲစိတ်ကုသမှု အခြေအနေကောင်းမွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှ ကလေးမိခင် မခင်ဝင်းချေ၏ ကျည်ဆံထိမှန်ခဲ့သည့် ဒဏ်ရာအား ယနေ့ရန်ကုန် ဆေးရုံကြီးတွင် ခွဲစိပ်ခဲ့ရာ အခြေအနေမှာ ကောင်းမွန်ကြောင်း မိသားစုများက ပြောသည်။

သူမ၏ ခင်ပွန်းဖြစ်သူ ကိုပေါက်စက “ ဒီနေ့ကျနော့်မိန်းမကို ဒီကနေ့ နေ့လယ် ၁ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိပ်ကုသမှု ပြုလုပ်ပါတယ်။ ခွဲစိပ်ကုသတဲ့ အချိန်က ၃နာရီ နီးပါလောက် ကြာခဲ့ပါတယ်။ အခု ခွဲစိပ်မှုက ပြီးသွားပါပြီ။ ခွဲစိပ် ကုသမှုအောင်မြင်တယ် လို့တော့ပြောပါတယ်"ဟု ပြောသည်။

သြဂုတ်လ ၂၃ရက်နေ့က ကျည်ဆံထိမှန်ခဲ့သည့် ခင်ဝင်းချေအား ပထမ ထွန်းရဝေရွာမှ ရသေ့တောင်ဆေးရုံသို့ ယူဆောင်ခဲ့ရပြီး ဒဏ်ရာမှာ ပြင်းထန်သဖြင့်  စစ်တွေကုတင် ၅ဝဝဆန့် ဆေးရုံသို့ ထပ်မံ ယူဆောင်ခဲ့ရသည်။

ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိပ်ကုသရန် စစ်တွေဆေးရုံကြီးမှ ရန်ကုန်သို့လေယာဉ်ဖြင့် သြဂုတ် ၂၄ရက်နေ့၌ ထပ်မံ ပို့ဆောင် ခဲ့ရသည်။
ထိုသို့ခွဲစိပ်ကုသရန် ရန်ကုန်ရောက်ရှိနေသည့် ခင်ဝင်းချေအား ရန်ကုန်ရောက် ရခိုင်လူမှုအဖွဲ့အစည်းများကလည်း လာရောက် အားပေး ကြည့်ရှုကြပြီး အကူအညီများလည်း ပေးကြကြောင်း၊ အလားတူ ရန်ကုန် တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း လာရောက်ကြည့်ရှု အားပေး စကားများပြောကြားကာ ငွေကျပ် ၃သိန်း လှူဒါန်းခဲ့သည်ဟု မခင်ဝင်းချေ မိသားစုဝင်များက ပြောသည်။

သြဂုတ်လ ၂၃ရက်နေ့ နံနက် ၇နာရီခန့်တွင် ထွန်းရဝေကျေးရွာ အနီး ကားလမ်းမပေါ်တွင် မိုင်းပေါက်ကွဲပြီးနောက် တပ်မတော် စစ်ကြောင်း တစ်ခုက ကျေးရွာအတွင်းသို့ ပစ်ခတ်စဉ်  ကြောက်လန့်ထွက်ပြေးရာ ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုများက ပြောသည်။

ဆက်စပ် သတင်းများ