Preview

ပလက်၀မြို့နယ်နမ်းချောင်းထဲကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

သြဂုတ် ၃၀/ ၂၀၁၉ | ကြည့်ရှုသူ :10075
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၃၀/ ၂၀၁၉

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ နမ်းချောင်းထဲကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား ယနေ့ နံနက် ရ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နမ်းချောင်းထဲကျေးရွာ၏ တောင်ဘက်ရှိ တောင်တန်းများပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ နမ်းချောင်းထဲ ကျေးရွာသား တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

အမည်မဖော်လိုသူ နမ်းချောင်းကျေးရွာသားက “လက်နက်အသံက မနေ့ညကလည်း တစ်ခါကြားပါတယ်။ ဒီကနေ့ဆို လက်နက်ကြီး အသံတွေ မနက်ကတည်းက ကြားနေရတာပါ။ ရွာသားတွေလည်း ကြောက်ပြီး စားမဝင်၊ အိပ်မပျော်ဖြစ်နေကြပါတယ်။ လက်နက်ကြီး သံတွေ  ကြားတော့ ကြောက်ကြတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်မှာ စစ်ရှောင်မယ်ဆိုလည်း သွားမယ့် နေရာကမရှိပြန်ပါဘူး။ ရွာနားမှာ အကုန်လုံးက တောင်တန်းတွေ ပတ်ပတ်လည် ဝိုင်းနေကြပါတယ်”ဟု ပြောသည်။

အဆိုပါ နမ်းချောင်းထဲကျေးရွာနှင့် တိုက်ပွဲဖြစ်ပွားသောတောင်တန်းတို့မှာ ၁ မိုင်ခွဲခန့်သာဝေးကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်အနီးမှ ကျေးရွာ သားများမှာ ထွက်ပြေးမည့်နေရာမရှိသောကြောင့် စိုးရိမ် ကြောက်လန့်မှုများ ဖြစ်နေကြောင်း ၄င်းကျေးရွာသားက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး နှမဒါကျေးရွာမှ ကျေးရွာသားတစ်ဦးကလည်း “လက်နက်အသံကတော့ ရေတွက်လို့တောင် မရတော့ပါဘူး။  ကျွန်တော်တို့ရွာနဲ့တော့ နမ်းချောင်းထဲရွာနဲ့က ကြားမှာ တောင်သေးသေးလေး နှစ်လုံးကျော်သွားရပါတယ်။ နာရီခွဲလောက်လမ်းလျှောက်သွားရပါတယ်။ ကျွန်တော်တို့ရွာက အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေလို့ လက်နက်ကြီးတွေ ပစ်နေတာကို ကြားရပါတယ်။ ရွာကလူတွေက နားထောင် နေကြပါတယ်။”ဟု ပြောသည်။

လက်နက်ကြီး လက်နက်ငယ်အသံများ အဆက်မပြတ်ကြားနေ၇သည်ဟု ဒေသခံများပြောကြားလာသည့် အတွက် တိုက်ပွဲဖြစ်ခြင်း ဟုတ်/မဟုတ်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

ဆက်လက်ပြီး ရက္ခိုင့်တပ်တော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအားလည်း နိရဥ္စရာ သတင်းဌာနမှ  ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသည့်အတွက် ရက္ခိုင့်တပ်တော်ဘက်မှ ဖြေဆိုမှုကို တင်ပြပေးနိုင်ခြင်း မရှိသေးပါ။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.