Preview

ကျိုင်းတုံဆွေနွေးပွဲမှ အချက် ၃ချက်သဘောတူညီမှုရ

သြဂုတ် ၃၁/ ၂၀၁၉ | ကြည့်ရှုသူ :3452
ရခိုင် သတင်း

ခိုင်လူလှ( ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၃၁/ ၂၀၁၉

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကိုယ်စားလှယ်များနှင့် KIO၊ PSLF၊ MNTJP နှင့် ULA (၄) ဖွဲ့ကိုယ်စားလှယ်များသည် ၂၀၁၉ ခုနှစ်သြဂုတ်လ ၃၁ ရက်နေ့တွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့ Amazing Kengtong Resort ၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး အချက် (၃) ချက်ကို သဘောတူညီမှု ရရှိခဲ့ကြောင်း သိရှိ၇သည်။

၎င်းသဘောတူညီချက်များမှာ

၁။ ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။

၂။ နောက်တစ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၁၆- ၁၇ ရက်တွင် တွေ့ဆုံရန်၊ တွေ့ဆုံမည့်နေရာကို နှစ်ဖက် ဆက်လက် ညှိနိုင်းရန် သဘောတူညီကြပါသည်။
၃။ Bilateral Ceasefire Agrement လက်မှတ်ရေးထိုးပြီးသည့်နောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement- NCA) နှင့် ပတ်သက်၍ ဆက်လက်ညှိနိုင်းသွားရန်လည်း သဘောတူညီခဲ့ကြပါသည်။

၎င်းပြင် နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် နှစ်ဖက်စလုံးက နိုင်ငံရေး ဆန္ဒအပြည့်အ၀ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွက် ဖော်ပြထားသည်။

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.