Preview

ဘူးသီတောင်မြို့နယ်တွင်တိုက်ပွဲထပ်ဖြစ်၊ နေအိမ် ၃လုံးမီးလောင်၊ လူ၂ ဦး ဒဏ်ရာရ

သြဂုတ် ၃၁/ ၂၀၁၉ | ကြည့်ရှုသူ :7300
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ သြဂုတ် ၃၁/၂၀၁၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်ကျေးရွာအနီး ယနေ့ နေ့လယ် ၁နာရီခန့်က ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ရာ လူနေအိမ် ၃လုံး ထပ်မံ မီးလောင်ပြီး လူ၂ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

တိုက်ပွဲမှာ ဘူးသီးတောင်မြို့နယ်၊ စံဂိုးထောင်အုပ်စု၊ ဆင်သေပြင် မူဆလင်ကျေးရွာ ဗလီ အနီးတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

 “ကျနော်တို့ဆင်သေပြင် ရွာနားမှာတိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ နေအိမ် ၃လုံးမီးလောင်ပြီး ပြာကျသွာတယ်။  အိမ်မီးလောင်ပြီးမှ အာဘူရွာက မိန်းမ တစ်ယာက်ဆီမှာ သေနတ်ကျည်ဆံ ဝမ်းဗိုက်မှာထိတယ်လို့ ပြောပါတယ်။ နောက်ထပ် ထိပ်ထူးပေါက်ရွာက လူပျိုပေါက် ယောကျာ်းလေး တစ်ယောက်မှာ ညာဘက်ပေါင်ကိုထိတယ်။ ကျနော်တို့ ရွာနားမှာ တိုက်ပွဲဖြစ်နေလို့ ရွာထဲလည်းဝင်လို့မရဘူး။ ကျနော်တို့အခု ထိပ်ထူးပေါက်ရွာကို ပြေးလာကြတာပါ။ အပြင်လည်းထွက်လို့မရတော့ ဆန်လည်းမရှိ စားစရာလည်းမရှိ ဖြစ်နေပါတယ်” ဟု ဆင်သီပြင် ကျေးရွာသား မူဆလင်တစ်ဦးက ပြောသည်။

တိုက်ပွဲမှာ ဆင်သေပြင် ဗလီက လက်တောင် ၂၀ လောက်အကွာတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ 

ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုသို့ ကျည်ဆံ လာထိသွားခြင်း ဖြစ်ကြောင်း၊ မည်သည့်ဘက်မှ ပစ်သည့် ကျည်ဆံထိသည်ကို မသိရကြောင်း၊ လက်ရှိတွင် ဒဏ်ရာရရှိသွားသူများအား ဘူးသီးတောင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆင်သေပြင်ကျေးရွာသား မူဆလင်တစ်ဦးက ပြောသည်။
 
တိုက်ပွဲအား အတည်ပြုနိုင်ရန် နိရဥ္စရာ သတင်းဌာနမှ ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ  ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိသေးပါ။

တိုက်ပွဲနှင့် ပတ်သက်ပြီးအတည်ပြုနိုင်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗို်လ်မှူးကြီး ဝင်းဇော်ဦးအား ယနေ့ ညနေ ၄နာရီကဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

သြဂုတ်လ ၂၉ ရက်နေ့ကလည်း ဆင်သေပြင် ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ဥယျာဉ်သာကျေးရွာမှ အိမ် သုံးလုံး လက်နက်ကြီးကျ မီးလောင်သွားခဲ့သည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.