Preview

ကျောက်တော် သရက်တပင်အနီးပစ်ခတ်မှုဖြစ်ပွား၊ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :2450
ရခိုင် သတင်း

ခိုင်လူလှ( ရိုးမမြေ)

နိရဥ္စရာ၊ စက်တင်ဘာ ၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်၊ သရက်တစ်ပင်တွင် ယနေ့ မွန်းလွဲချိန်မှစတင်ကာ သေနတ်ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိထားသည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသွားသူ အမျိုးသမီးမှာ သရက်တစ်ပင်ကျေးရွာ၊ အလယ်စုမှ ဒေါ်မညံ့ (၄၃) နှစ် (ဖ) ဦးမောင်စံဖြစ်ကြောင်း သိရသည်။

“ မညံ့မှာ ပေါင်ကို ကျည်ဆံဖေါက်သွားပါတယ်။ ကလေး နှစ်ဦး၊ သုံးဦးရဲ့ မိခင်ပါ။ အခုထိ ပစ်ခတ်နေတုန်းဖြစ်တဲ့ အတွက် ဘယ်ကို မယူနိုင်သေးဘူး။ ကျောက်တော်ကိုလည်း အခုထိ မယူနိုင်သေးဘူး။ ဘယ်ကို မယူနိုင်သေးဘူး။ သေနတ်သံတွေက ကြားနေရတုန်း ဖြစ်ပါတယ်” ဟု ၎င်းအမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူ သရက်တစ်ပင်ရွာသား တစ်ဦး ကပြောသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပေါက်ကွဲသံ သုံးချက်ခန့် ကြားခဲ့ရပြီး သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် ဒေါ်မညံ့တွင် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့က ရွာထဲမှာပါ။ ဘယ်ကိုမှ မထွက်ဝံ့ဘူး။  မိုင်းပေါက် တာလား၊ ဘာဖြစ်တာလဲ မပြောနိုင်သေးပါဘူး။ သေနတ်သံ တွေကတော့ ကြားနေရပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်တပ်က အာရှလမ်းမပေါ်က ပစ်တယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ရွာဘက်ကိုတော့ တပ်က ဝင်လာမရှိဘူး။ ဟိုဘက်ပိုင်းတော့ ဝင်တယ်လို့ ပြောတယ်” ဟု ယနေ့ မွန်းလွဲ ၂  နာရီ ၅၀ မိနစ်က သရက်တစ်ပင်သို့ ဆက်သွယ်ရာ ၎င်းရွာသားက ပြောကြားသည်။

၎င်းပြင်သူက ရွာထဲရှိ တစ်ခြားနေရာများတွင် မည်သို့ ဖြစ်နေသည်ကို မသိရှိရကြောင်း၊ သူတို့အစုတွင် တစ်ဦးဒဏ်ရာရကြောင်း၊ ကျည်ဆံများ ရွာထဲထိ ကျရောက်လာသဖြင့် ကြောက်နေကြ၇ကြောင်း၊ ညနေ ၃ နာရီထိ တစ်ချက်ချင်း ပစ်ခတ်သံများကို ကြား၇ကြောင်း ၎င်းက ပြောဆိုသည်။
 

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.