ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ဦးကို ဘင်္ဂလာဒေ့ရှ်မှလွဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၄/၂ဝ၁၉

ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာသဖြင့် ဖမ်းဆီးခံခဲ့ရသည် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို ယနေ့ လွဲပြောင်းမည်ဟု http://www.ukhiyanews.com တွင် သတင်းဖော်ပြသည်။

မြန်မာနိုင်ငံ တောင်ပြိုလက်ဝဲ တစ်ဖက်ကမ်းတွင်တည်ရှိသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်(ရွာတော်) ၊ ခေါင်းတုံး ဘီဂျီဘီစခန်းတွင် မြန်မာနှင့် ဘင်္ဂလာ နှစ်ဖက် နယ်ခြားစောင့် တာဝန်ရှိသူများ ယနေ့ နေ့လယ် ၁၂ နာရီတွင် ပြုလုပ်သည့် အလံတင် အစည်းအဝေးတွင် လွဲပြောင်းပေးမည်ဟု အမှတ် (၃၄) တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး အာလီဟိုက်ဒါ အာဇတ်အာမတ်က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ ၄ ဦးကို သြဂုတ် ၂၅ ရက် ညဉ့်အချိန်တွင် မောင်တောမြို့နှင့် မျက်နာချင်းဆိုင် တက်ကနက်မြို့၊ နာဇီပါရာရွာအနီး နတ်မြစ်အတွင်း လက်နက်များနှင့် အတူ စပိဘုတ်တစ်စီးပေါ်မှ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

၎င်းတို့ကို ဘင်္ဂလာဒေ့ရှ်ကိုတရားမဝင် ဝင်ရောက်လာသဖြင့် ဖမ်းဆီးခဲ့ပြီး ၁ဝ ရက်အကြာတွင် မြန်မာဘက်သို့ ပြန်လည်လွဲပြောင်းပေးခြင်း ဖြစ်သည်။

ယခုလွဲပြောင်းမှုတွင် စပိဘုတ်နှင့် လက်နက်များပါဝင်ခြင်း ရှိ/ မရှိ သတင်းတွင် ဖော်ပြထားခြင်း မရှိပါ။

ဆက်စပ် သတင်းများ