ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် နှမဒါတံတားကြီးအနီးတိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၆/ ၂ဝ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တောင်ပိုင်း၊ နှမဒါတံတားကြီး အနီး ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး  သေနတ်ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၆ရက် နံနက် ၇နာရီခွဲခန့်က သေနတ် ပစ်ခတ်သံများကို မိနစ်အနည်းငယ်ခန့် ဆက်တိုက် ကြားခဲ့ ရသည်ဟု ဒေသခံများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

နှမဒါကျေးရွာသားတစ်ဦးက “ ကျနော်တို့ရွာနဲ့  ဖြစ်တဲ့ နေရာက ၂ မိုင်ခွဲလောက်ဘဲ ဝေးပါတယ်။  ကျနော်တို့ မနက်က တောင်ယာ သွားတဲ့ အချိန်  ၁ဝမိနစ်လောက် ပစ်သံတွေ ကြားခဲ့ရပါတယ်။ တိုက်ပွဲဖြစ်တယ်ထင်ပါတယ်။  အပြန်အလှန်ပစ်တာလား ဆိုတာကို ကျနော်တို့ အတိအကျတော့ မသိရဘူး” ဟု ပြောသည်။

အဆိုပါသေနတ်သံ ထွက်ပေါ်ခဲ့သည့် နေရာမှာ နှမဒါ တံတားကြီး အနီး လယ်လှအုပ်စု နှမ်းချောင်းဝ ကျေးရွာနားတွင် ဖြစ်ကြောင်း၊ ပစ်ခတ်သံများမှာ လက်နက်ငယ် အသံများသာ ကြားခဲ့ရကြောင်း၊ ကားလမ်းဘေးတွင် မိုင်းပေါက်ပြီး စစ်တပ်မှထို နေရာသို့ ပစ်ခတ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောကြားသည်။

ပစ်ခတ်သံမှာ မိနစ်အနည်းငယ်ကြားရပြီးနောက် တိတ်သွား ခဲ့သည်ဟု ဆိုသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးဦး ဝင်ဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ယနေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းနေဖြင့် ထိုသတင်အား မကြားရသေးကြောင်း ပြန်လည်ဖြေကြားသည်။

ဆက်လက်ပြီး ပလက်ဝမြို့နယ်အတွင်း ယနေ့ တိုက်ပွဲဖြစ်ပွားခြင် ရှိ/မရှိအား ရက္ခိုင့်တပ်တော် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခအား ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။

ဆက်စပ် သတင်းများ