Preview

စစ်၇ဟတ်ယာဉ်တစ်စီး ပလက်၀နယ်တွင်ပစ်ချဟု AA သတင်းထုတ်ပြန်၊တပ်မတော်တာဝန်ရှိသူက မဟုတ်မှန်ကြောင်း ငြင်းဆို

စက်တင်ဘာ ၀၇/ ၂၀၁၉ | ကြည့်ရှုသူ :2903
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၇/ ၂၀၁၉

ရက္ခိုင့်တပ်တော် (AA) မှ ချင်းပြည်နယ် ပလက်၀မြို့နယ်တွင် စစ်၇ဟတ်ယာဉ် တစ်စီးကို ပစ်ချလိုက်ကြောင်း စက်တင်ဘာ ၆ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

AA ၏ ထုတ်ပြန်ချက် သတင်းထဲတွင် စစ်၇ဟတ်ယာဉ်အား စက်တင်ဘာလ(၅)ရက်၊နေ့လည်(၃) နာရီ(၃၀) မိနစ်ခန့် အချိန်တွင် ပစ်ချလိုက်ကြောင်း၊ အမျိုးအစားမှာ Mi 17 ဟုယူဆရကြောင်း၊ ၎င်း ရဟတ်ယာဉ်သည် ကင်းတလင်းရွာ၊ အနောက်မြောက်(၅.၅) ကီလိုမီတာအကွာအဝေး၊(သို့မဟုတ်) Laung Yet Taung လောင်းရပ်တောင်၊အနောက်ဖက်(၂.၄) ကီလိုမီတာ) (သို့မဟုတ်) ခန်ခတောင်တန်း၏အရှေ့ဖက်(၉၀၀ မီတာ) အကွာအဝေးရှိချောက်ထဲသို့ထိုးဆင်းကျသွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအားမေးမြန်းရာ ၎င်းကဲ့သို့ ပစ်ချခံရခြင်း မရှိကြောင်း ပြောကြားသည်။

“ မရှိပါဘူးခင်ဗျား။ တိုက်ပွဲတွေဖြစ်တာလည်း မရှိပါဘူး။ ဘူးသီးတောင်မြို့နယ်မှာ ရပ်နားခဲ့ရတဲ့ နီပေါက ၇ဟတ်ယာဉ် သတင်းလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးပါပြီ” ဟု ပြောဆိုသည်။

( ဓာတ်ပုံ- AA ကထုတ်ပြန်သည့် ရဟတ်ယာဉ်ပျက်သည့်နေရာ)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.