Preview

မောင်တော လောင်းဒုံဘုန်းကြီးကျောင်းဝင်းအတွင်းသို့ တောဆင်ရိုင်း(၂၀)ခန့် ဝင်ရောက်ပြီး ငှက်ပျောခင်းကိုဖျက်ဆီး

စက်တင်ဘာ ၀၇/ ၂၀၁၉ | ကြည့်ရှုသူ :1185
ရခိုင် သတင်း

နောင်ခို်င်အောင်
နိရဥ္စရာ၊ စက်တင်ဘာ ၇/၂၀၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် လောင်းဒုံကျေးရွာမှ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်သို့ စက်တင်ဘာလ ၆ ရက်နေ့  ညည့် ၁၁ နာရီကျော် အချိန်ခန့်တွင် တောဆင်ရိုင်း အကောင် (၂၀) ခန့် ဝင်ရောက်ပြီး ငှက်ပျောခင်းကို ဖျက်ဆီး သွားကြောင်း ကျေးရွာသားများက ပြောသည်။
 
“ ကျောင်းအသစ်ဆောက်ထားတာဆိုတော့ ငှက်ပျောပင်တွေ စိုက်တာနဲ့ တောဆင်ရိုင်းတွေက ဝင်ရောက်ဖျက်ဆီးမှုက စတာပါဘဲ။ ငှက်ပျောပင် အပင် လေးငါးရာလောက် တောင်ရှိမှာ ကျောင်းပတ်ပတ်လည်မှာစိုက်ထားတာ။ တစ်ခြားစိုက်ထားတဲ့ အပင်တွေ ဘာတွေ အကုန်လုံးပျက်စီးကုန်တယ်။ ခြံစည်းရိုးကလည်း တိုင် ၁၀ ကျော်လောက် ပျက်စီးသွားတယ် ထင်တယ်။ နင်းကျော်ပြီးမှ ထွက်သွားတာ” ဟု လောင်းဒုံကျေးရွာမှ ကိုကျော်ဝင်းက ပြောသည်။
 
အဆိုပါ တောဆင်ရိုင်းအုပ်ကြီးသည် ကျောင်းဝင်းအတွင်းရှိ စိုက်ပျိုးထားသည့် ငှက်ပျောပင်နှင့် အခြားသီးနှံပင်များကို ဖျက်ဆီးမွှေနှောက်ပြီးနောက် ကျောင်းထိုင်ဆရာတော် ကျိန်းနေသည့် အဆောင်နားသို့ရောက်လာသည့်အချိန်တွင် အသံတစ်ခုကြားသောကြောင့် ဓါတ်မီးဖြင့် ကြည့်လိုက်သည့် အချိန်တွင် တောဆင်ရိုင်းများရောက်နေသည်ကို မြင်တွေ့ရခြင်း ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
 
“နောက်ဆုံးပဲ တစ်ခြံလုံးမှာရှိတာကို စားပြီးမှ အဲဒီဆင်တွေက ဆရာတော်အိပ်တဲ့အဆောင်နားကိုရောက်လာတာပေါ့။ အဆောင်နားက ခြံတံခါးကို တွန်းလိုက်တဲ့အသံကိုကြားမှပဲ ဆရာတော်နိုးလာတာ” ဟု ကျောင်းထိုင်ရာတော်က မိန့်သည်။
 
အဆိုပါဆင်ရိုင်းအုပ်ကြီးအား ကျေးရွာသားတချို့မှ သွားရောက် မောင်းထုတ်လိုက်သည့်အတွက် ညည့် ၁၂ နာရီကျော် အချိန်ခန့်တွင် ဘုန်းတော်ကြီးကျောင်း၏ အနောက်ဘက်မှ ခြံစည်းရိုးတံတားများကို ကျော်နင်း၍ ထွက်ပြေးသွားကြောင်း ဆရာတော်က မိန့်သည်။
 
လောင်းဒုံကျေးရွာတွင် ယခင်နှစ်ကလည်း စပါးစိုက်ပျိုးထားသည့် လယ်တောထဲသို့ ဆင်တစ်အုပ်ရောက်လာပြီး စပါးစိုက်ခင်းများကို ဖျက်ဆီးပြီး ဘုန်းတော်ကြီးကျောင်းအနီတဝိုက်က ငှက်ပျောပင် အချို့ကို ဖျက်ဆီးခဲ့ဖူးကြောင်း ကျေးရွာသားများက ပြောသည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.