Preview

စစ်တွေတွင် စရဖတပ်ဖွဲ့ဝင် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံနေရသူ ကိုရဲကျော်သူအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်

စက်တင်ဘာ ၀၉/ ၂၀၁၉ | ကြည့်ရှုသူ :1792
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၉/၂၀၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင် (စရဖ) ကိုဖိုးလုံး လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံနေရသူ ကိုရဲကျော်သူကို လာမည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်သွားမည်ဟု သိရသည်။

ကိုရဲကျော်သူအား အပြစ်ပေးသင့် မပေးသင့်ကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် လျှောက်လဲချက်ပေးပြီးနောက် သူ့အား လာမည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အပြီးသတ်အမိန့်ချရန် မြို့နယ်တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုအား လိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က “ဒီနေ့တော့ အပြီးသတ် အပြစ်ပေးသင့် မပေးသင့် လျှောက်လဲချက်ကိုပေးပါတယ်။ ကျမတို့ရဲ့အလုပ်အရ အဲဒီ ဝင်းထိုက်(ခေါ်) ဖိုးလုံးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူဟာ ကိုရဲကျော်သူလို့ လိုပြသက်သေတွေထဲမှာ မပေါ်ပေါက်ဘူး။ ဒါကြောင့် အပြစ်မပေးသင့်ဘူး ဆိုတဲ့ လျှောက်လဲချက်ကို ပေးခဲ့တာပါ”ဟု နိရဥ္စရာ သတင်းဌာနအား ပြောသည်။

စ၇ဖ တပ်ဖွဲ့ဝင် ကိုဖိုးလုံးမှာ၂၀၁၈ ခုနစ် စက်တင်ဘာ ၂၅ ရက်နေ့က စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရသည့်အတွက်  ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကိုမေယုထွန်း၊ ကိုခိုင်ဘို်ဘို၊ ကိုအောင်ဇော်လင်းနှင့် ကိုရဲကျော်သူ တို့  ၄ ဦးအား သံသယဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း သိ၇သည်။

၄င်းတို့ ၄ ဦးအား ခြောက်လကြာ စစ်ဆေးပြီးနောက် ကိုမေယုထွန်း၊ ကိုခိုင်ဘို်ဘိုနှင့် ကိုအောင်ဇော်လင်းတို့ ၃ ဦးအား ပြီးခဲ့သည့် ဇူလိုင်လ ၁၅  ရက်နေ့တွင် အမှုနှင့်ပတ်သက်မူ မရှိဟုဆိုကာ တရားရုံးမှပြန်လွှတ်ပေးခဲ့ပြီး ကိုရဲကျော်သူ တစ်ဦးတည်းအား ဆက်လက် ထိမ်းသိမ်း စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

သံသယဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရသူ ကိုရဲကျော်သူက “ဒီနေ့က လျှောက်လဲချက်ပေးတာပါ။၂၃ ရက်နေ့ အမိန့်ချမယ် ပြောပါတယ်။ အစိုးရက ကျနော်ကို ဓားစားခံ အဖြစ် အသုံးချဖို့ ကြံစည်နေတဲ့အတွက် တရားဥပဒေ စိုးမိုးမှု ရှိ/မရှိ ဆိုတာ အမိန့်ချတဲ့နေ့မှ ကျနော်တို့ သိရပါမယ်”ဟုပြောသည်။

ကိုရဲကျော်သူအား ရဲတပ်ဖွဲ့မှ လူသတ်မူပုဒ်မ ၃၀၂ ၊ ပူးပေါင်း ကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့က ပထမဆုံးအကြိမ် ရုံးတင် စစ်ဆေးခဲ့သည်။

ပြီးခဲ့သည် သြဂုတ်လ ၂၆ ရက်နေ့တွင်လည်း ကိုရဲကျော်သူ ဘက်မှ သက်သေ ၃ ဦးအားခေါ်ယူစစ်ဆေးခဲ့ကြောင်း သိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.