စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် ရဟန်းတော် ၃ဝဝခန့်က စစ်တွေတွင်ဆုတောင်းပွဲပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.6k

နီမင်းထွန်း
နိရဥ္စရာ၊စက်တင်ဘာ ၁၁/၂ဝ၁၉

ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် ဝင်းနှင့်ဇော်ဟု လူသိ များသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ လွတ်မြောက်ရေး အတွက် ရဟန်းတော် ၃ဝဝ ခန့်က ဆုတောင်းပွဲ ပြုလုပ် ခဲ့ကြသည်။

၎င်းဆုတောင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ (စည်း/ထိန်း)က ဦးဆောင်ပြီး  စစ်တွေမြို့ ပြည်လုံး ချမ်းသာ ဘုရားကြီး ရင်ပြင်တွင် စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စည်း/ထိန်းအဖွဲ့မှ တာဝန်ရှိသူ ရဟန်းတော်တစ်ပါးဖြစ်သည့်  သာသနာ့ရံသီ ကျောင်းထိုင်ဆရာတော် ဦးဓမ္မိက က “ထိုင်းနိုင်မှာ သေဒဏ်ချခံထားရတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း ပြန်လွတ်မြောက်လာစေရန် ရည်ရွယ်လို့လုပ်တာပါ”ဟု နိဥ္စရာသတင်းဌာနကို မိန့်ကြားသည်။

ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့ကို သေဒဏ်ချခံထားရခြင်းနှင့် ပတ်သတ်၍ ထိုင်းငံနိုင်ငံမှ ဥပဒေပညာရှင်များက မျှမျှတတ ဥပဒေအရ ဆောင်ရွက်ပေးရန်နှင့် နောက်ဆုံးအဆင့်ဖြစ်သော ထိုင်းနိုင်ငံဘုရင်ကြီးကို သနားခံစာ တင်သော အခါတွင်လည်း  သနားညှာတာပြီး သူတို့၏အသက်ကို ချမ်းသာ ပေးစေချင်သည်ဟုလည်း ဦးဓမ္မိက ဆက်လက်မိန့်ကြားသည်။

အဆိုပါဆုတောင်းပွဲကို စည်း/ထိန်းရဟန်းတော်များနှင့် မြို့ပေါ်မှ ဆရာတော်သံဃာတော် အပါး ၃ဝဝ ခန့် တက်ရောက်ခဲ့ကြပြီး  ဝင်းနှင့်ဇော် လွှတ်မြောက်ရေးအတွက် ဆုတောင်း မေတ္တာပို့သခဲ့ကြသည်။

ရခိုင်လူမျိုးနှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့နှစ်ဦးသည် ထိုင်းနိုင်ငံရှိ လိပ်ကျွန်း(ခေါ်) ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့်ပတ်သက်ပြီး သေဒဏ် ချမှတ်ခံထားရသူများဖြစ်သည်။ သူတို့၏ နောက်ဆုံးအဆင့် အယူခံကို ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၏အမြင့်ဆုံးတရားရုံးက ပယ်ချခံခဲ့ရပြီးနောက် သူတို့နှစ်ဦး ၏ပြစ်ဒဏ်နောက်ဆုံး အဆင့်အနေဖြင့် ထိုင်းဘုရင်ထံ အသနားခံစာတင်သွင်းရန်သာကျန်တော့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ