Preview

လူပေါင်း ၇၀၀ ကျော်ရှိသည့် အထက်မြတ်လှဲ မြိုတိုင်းရင်းသားစစ်ဘေးရှောင်စခန်း ရိက္ခာပြတ်လပ်တော့မည်ဟုဆို

စက်တင်ဘာ ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :9041
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၁၂/၂၀၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲ မြိုတိုင်းရင်းသား စစ်ဘေးရှောင် စခန်းတွင် ဆန်ရိက္ခာ ပြတ်လပ်တော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု စခန်းတာဝန်ရှိသူများက ပြောကြားသည်။

စခန်းကော်မတီဝင် ဦးကျော်လှထွန်းက “ အစိုးရဆီက ဆန်မရတာ တစ်လလောက်ကြာနေပါပြီ။ CSO လူမှုရေး အဖွဲ့တွေကလည်း မရောက်တာ တစ်လလောက်ရှိပါပြီ။ အခုက အလွန်ဆုံး သုံးရက်စာလောက်ဘဲ ရိက္ခာဆန် စခန်းမှာ ရှိပါတော့တယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

အထက်မြတ်လှဲ စခန်းတွင် မြိုတိုင်းရင်းသား လူဦးရေ (၇၅ရ)ဦး ရှိပြီး တစ်ပတ်လျှင် ဆန်အိတ်(၈၄)အိတ်၊ တစ်လလျှင် ဆန်အိတ်(၃၀၀) ခန့် လိုအပ်ကြောင်း၊ လက်ရှိ ကယ်ဆယ်ရေး စခန်းတွင် ဆန်အိတ် (၃၀)ခန့်သာ ကျန်ရှိတော့ကြောင်း၎င်းက ပြောကြားသည်။

အစိုး၇အဖွဲ့မှ ယခင်က တစ်ဦးလျှင် ကျပ် (၃၀၀)နှုန်းနှင့် ဆန်ပေးခဲ့ပြီး ယခုမပေးသည်မှာ ၂ လ၊ ၃လခန့် ရှိနေပြီးဟု ကယ်ဆယ်ရေးစခန်း တာဝန်ရှိသူများက ပြောသည်။

အထက်မြတ်လှဲ ကယ်ဆယ်ရေးစခန်းက ဦးအောင်လှရွှေက “ အရင်တုန်းကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ICRC ၊  WFP တို့က လာပြီးတော့ ထောက်ပံ့ကူညီကြပါတယ်။ အခုတော့ မရောက်တာ တလကျော်သွားပါပြီ။ ဘာကြောင့်ဆိုတာ မပြော နိုင်ဘူး။ကျနော်တို့က တောမှာလည်း လားလို့မရ။ တောင်ကိုလည်း တက်လို့မရ။ တောတောင်ကို သွားရှာ စားရင်လည်း ခဏခဏ မိုင်းတွေပေါက်နေတာဆိုတော့ မသွားရဲဘူး။ ဒီမှာရှာစားဖို့ကလည်း ဒေသမကျွမ်းလို့ ပြင်ပ အလုပ်တွေ လုပ်ဖို့ အဆင်မပြေဘူး” ဟု ပြောသည်။

၎င်းစစ်ဘေးရှောင် ရွာသားများသည်ပုဏ္ဏားကျွန်းမြို့နယ် ပညာကြီးရွာ၊ သဲ၀၊ ငစရိုင်းကိုင်း၊ ခမောင်း၊ ပြိန်းချောင်း၊ ကင်ဘိ၊ မီးကျောင်းခုတ်၊ ပုလဲကိုင်း၊ ဆင်သီ၊ အ၀ပြင်စသည့် ကျေးရွာ (၁၁) ရွာမှ မြိုတိုင်းရင်းသားများ ဖြစ်ကြပြီး  မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့်  အထက်မြတ်လှဲကျေးရွာသို့ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူ စစ်ဘေးရှောင် အရေအတွက်မှာ လက်ရှိ အချိန်တွင် ခုနှစ်သောင်း နီးပါးရှိနေပြီဟု သိ၇သည်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.