Preview

ရခိုင်မှကျေးရွာကြီး ၂ရွာကို မြို့အဖြစ်တိုးမြှင့်

စက်တင်ဘာ ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :1022
ရခိုင် သတင်း

နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂၀၁၉

ရခိုင်ပြည်နယ်မှ ကျေးရွာကြီး ၂ ရွာကို မြို့အဖြစ် တိုးမြှင့်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စု လွှတ်တော်ရုံးသို့ ပို့ပေးသည့် စာတွင် ဖော်ပြသည်။

၎င်းကျေးရွာကြီး ၂ ရွာမှာ ရမ်းဗြဲမြို့နယ်မှ လေးတောင်နှင့် တောင်ကုတ်မြို့နယ်မှ တန်းလွဲရွာမ တို့ ဖြစ်ကြသည်။

ရမ်းဗြဲမြို့နယ်မှ လေးတောင်မြို့တွင် ရပ်ကွက် (၅) ရပ်ကွက် ပါဝင်မည် ဖြစ်ပြီး ၎င်းရပ်ကွက်ထဲတွင် ပါဝင်မည့် ကျေးရွာ အုပ်စု(၃) စုနှင့် ကျေးရွာ (၁၆) ရွာတို့ကို ပယ်ဖျက်ကြောင်း စာထဲတွင် ဖော်ပြထားသည်။

တောင်ကုတ် မြို့နယ်မှ တန်လွဲရွာမတွင် ရပ်ကွက် (၆) ရပ်ကွက်ပါဝင်မည် ဖြစ်ပြီး ၎င်းရပ်ကွက်ထဲတွင် ပါဝင်မည့် ကျေးရွာအုပ်စု(၁) အုပ် စုနှင့် ကျေးရွာ (၄) ရွာတို့ကို ပယ်ဖျက်ကြောင်း ဖော်ပြထားသည်။

၎င်းစာအား ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတရုံးမှ ပေးပို့ခြင်းဖြစ်သည်ဟု သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.