Preview

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ရေကြီး၍ လူနေအိမ်အချို့ပျက်စီး၊ ကျေးရွာသားအချို့ရွှေ့ပြောင်းထားရ

စက်တင်ဘာ ၁၂/ ၂၀၁၉ | ကြည့်ရှုသူ :2016
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/ ၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် တို့တွင် ရေလွှမ်းမိုးမှုကြောင့် လူနေအိမ်အချို့ ပျက်စီးသွားပြီး ကျေးရွာသားအချို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ထားရကြောင်း သတင်းရသည်။

ထိုအထဲတွင် မောင်တောမြို့နယ်မှ သီဟိုဠ်အေးကျေးရွာနှင့် တစ်ခြားကျေးရွာအချို့ ပါဝင်ပြီး ဘူးသီးတောင်မြို့နယ်တွင် တောင်ဘဇာကျေးရွာတို့ ပါဝင်သည်။

 “ရေနစ်လို့ တောင်ဘဇာရွာက တစ်ရွာနီးပါးလောက် ရွှေ့ပြောင်း ပေးထားရပါတယ်။ ပစ္စည်းဆုံးရှုံးမှုရဲ့တန်ဖိုးက ကျွန်တော့်ဆီ စာရင်းမရောက်သေးပါဘူး ”  ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးဦးစီးဌာနမှ  ဦးစီးမှူး ရဲမင်းဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ကျေးရွာမှ လူဦးရေ ၄၈၈ ဦးအား ဘူးသီးတောင်မြို့နယ် ပေါက်တောပြင်ကျေးရွာသို့ ရွှေ့ပြောင်းထားရကြောင်း သိ၇သည်။
မောင်တောမြို့နယ် ၃ မိုင်အနီး သီဟိုဠ်အေး ကျးရွာတွင်လည်း မိုးရေကြီးမှု၊ ချောင်းရေတက်မှုတို့ကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ရ နာရီခန့် ၆ ပေအထိ ရေတက်ခဲ့ကြောင်း သီဟိုဠ်အေးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးနေအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးနေအောင်က “ဆန်တွေ၊ ထင်းတွေ ရေစိုသွားပါတယ်။ အိုးခွက်တွေ၊ စောင်တွေ၊ အဝတ်တွေလည်း အကုန် ရေထဲ မျှောပါသွားတယ်။ ကျွန်တော် စဉ်းစားရင် အိပ်လို့တောင် မပျော်ဘူး။ မိုးက ၅ ရက်လောက်ရှိနေပြီ ရွာတာ။ ရေကတော့ မနက် ၄ နာရီလောက်က ကျသွားပါပြီ။ တစ်ခါမှ အခုလို ရေမပြည့်ဖူးပါဘူး။ တစ်ခြားရွာဘက်တွေမှာလည်း ရေလျှံတယ်လို့ ကြားပါတယ်”ဟု ပြောသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၇၀ ခန့်ရှိပြီး ရေလွှမ်းမိုးမှု ဒဏ်ခံခဲ့၇သော လူနေအိမ် ၂၄ လုံးတွင် ၄ လုံးမှာ လုံး၀ ပျက်စီးသွားပြီး ၂၀ လုံး တစ်ပိုင်းတစ်စ ပြိုပျက် သွားခဲ့သည်ဟု ပြောဆိုသည်။
 
ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီခန့်က ရေပြန်ကျသွားကြောင်း ၎င်းက ပြောသည်။

(Photo by Rakhine Fire Force)

#သဘာဝဘွှေးန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.