Preview

ပစ်ခတ်မှုအတွင်း ကော့စ်ဘဇား နာယာပါရာ ဒုက္ခသည်စခန်းမှ ၂ ဦးသေဆုံး

စက်တင်ဘာ ၁၃/ ၂၀၁၉ | ကြည့်ရှုသူ :1182
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၁၃/၂၀၁၉

မြန်မာနှင့် အိမ်နီးချင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်တွင် ရဲနှင့် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှု ဖြစ်စဉ် အတွင်း နာယာပါရာ ဒုက္ခသည်စခန်းမှ လူ ၂ ဦး သေဆုံးသွားသည်ဟု ဘင်္ဂလာဒေ့ရှ် သတင်းစာများတွင် ဖော်ပြသည်။

နာယာပါရာဒုက္ခသည်စခန်းမှ သေဆုံးသူ ၂ ဦးမှာ ရာဇဝတ်ပြစ်မှုကျူးလွန်ထားသူများအဖြစ် ဘင်္ဂလာရဲ၏ စွပ်စွဲခံထား၇သူများဖြစ်ကြသည်။

သေဆုံးသူ နှစ်ဦးမှာ တက်ကနက်မြို့နယ် နီလာမြို့အပိုင် နာယာပါရာမူဆလင်ဒုက္ခသည် စခန်းမှ Md Abdul Karim (၂၄)နှစ် နှင့်  Nesar Ahmed Prakash (၂ရ) နှစ်တို့ဖြစ်ကြောင်း တက်ကနက်မြို့ ရဲစခန်းမှ ရဲမှူး Pradip Kumar Das က ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ ၂ ဦးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ဂျူဘိုလိဂ် ခေါင်းဆောင် အိုမာဖာရုဒ် ကို သတ်ဖြတ်မှု အပါအဝင် အမှု (၅) မှုဖြင့် စွပ်စွဲခံနေရသူများဖြစ်ကြောင်း ၎င်းရဲအရာရှိက ပြောသည်။

၎င်းရာဇဝတ်ဂိုဏ်းသားများသည် နီလာမြို့အပိုင် ဇာတီမူရတောင်ပေါ်တွင် ပုန်းအောင်းနေသည်ဟု သတင်းရသဖြင့် ၎င်းနေရာကို ဘင်္ဂလာ ရဲတပ်ဖွဲ့က ယနေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် စီးနင်းခဲ့သည်ဟု ဆိုသည်။

၎င်းတို့ ရဲများကို မြင်ပြီးနောက် ရာဇဝတ်သားများက စတင် ပစ်ခတ်ခဲ့ရာ ရဲတပ်ဖွဲ့က ချက်ချင်း တုန့်ပြန်ပစ်ခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်  ၎င်းနေရာအား တက်ရောက်ရှင်းလင်ရာ ဒေသလုပ် သေနတ် ၂လက်နှင့် ကျည်ဆံ ရ တောင့် သိမ်းဆည်းရမိကြောင်း၊ ၎င်းအပြင် ကျည်ဆံထိမှန်ထားသော လူ နှစ်ဦးကိုတွေ့ရှိပြီး ကော့စ်ဘဇားဆေးရုံသို့ ချက်ချင်း ပို့ဆောင်ရာ ဆရာဝန်က ၎င်းတို့ နှစ်ဦးမှာ သေဆုံးသွားသည်ဟု ပြောဆိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့တစ်ချို့တွင်လည်း ထိခိုက်ရာ ရရှိခဲ့ပြီး သတင်းတွင် ဖော်ပြထားသည်။

(Source: The Daily Star- 13/9/2019)

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.