Preview

နေထိုင်ရန်အလားအလာရှိသောဂြိုဟ်တစ်လုံးပေါ်တွင်ရေတွေ့ရှိ

စက်တင်ဘာ ၁၄/ ၂၀၁၉ | ကြည့်ရှုသူ :2570
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂၀၁၉

နက္ခတ္တဗေဒပညာရှင်များသည် ပထမဦးဆုံးအကြိမ် ဂြိုလ်တစ်လုံးပြင်ပ ကြယ်တာရာ အစုအဝေးအာကာသအတွင်းရှိ လေထုထဲတွင် ရေကိုရှာဖွေတွေ့ရှိခဲ့ကြသည်။

K2-18b ဟုခေါ်ဝေါ်သည့် ဂြိုလ်မှာ ရေရှာဖွေတွေ့ရှိချက်က ဂြိုလ်သားများ ရှာဖွေရေးအတွက် ယုတ္တိတန်သည်ဟုဆိုရမည့် ကမ္ဘာ၏ တွေ့ရှိချက်ဖြစ်သည်။

၁၀ နှစ်အတွင်း အသစ်အာကာသအဝေးကြည့်မှန်ပြောင်းမှ  K2-18b ၏ လေထု သက်ရှိထုတ်လုပ်နိုင်သော ဓာတ်ငွေ့များ ပါဝင်သည် ရှိမရှိကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို သိပ္ပံဂျာနယ် Nature Astronomy  ပုံနှိပ်ဖော်ပြထားသည်။

ဦးဆောင်သိပ္ပံပညာရှင်  လန်ဒန် တက္ကသိုလ်ကောလိပ် ပါမောက္ခ Giovanna Tinetti (UCL) က ယခု ရှာဖွေတွေ့ရှိမှုသည် "အလွန်အမင်း စိတ်လှုပ်ရှားမှု" အဖြစ်  ဖော်ပြသည်။

သူမက " ဒီ ပထမဆုံးအကြိမ် ကျမတို့  ဂြိုလ် တစ်လုံးပေါ်မှာ ရေကို ရှာဖွေ စူစမ်းတွေ့ရှိတာဟာ ကြယ်တာရာ တစ်ခုရဲ့ ပတ်ပတ်လည် ဇုန်အတွင်း ဒီအပူချိန်ဟာ သက်ရှိနေထိုင်ရန် ဆီလျော်တဲ့ အလားအလာတွေဘဲ ဖြစ်ပါတယ်" ဟု ပြောဆိုသည်။

နေထိုင်နိုင်သည့် ဇုန်သည်  ကြယ်တာရာ ပတ်ဝင်းကျင်မှာရှိသည့် အပူချိန်မှာ ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင်  ရေလုံလုံလောက်လောက်ရရှိနိုင်မည့် အရည်ပုံစံ အဖြစ် ထည့်သွင်းစဉ်းစားစရာဖြစ်သည်။

ယခုတွေ့ရှိသည့် ဂြိုလ်အား "စူပါကမ္ဘာမြေ Super Earth" အဖြစ်လူသိများနေသည် ဂြိုဟ်အမျိုးအစားဖြစ်ပြီး ကမ္ဘာ၏ နှစ်ဆ အရွယ်အစားဖြစ်ပြီး  သုညနဲ့ ၄၀ ဒီဂရီ အကြားရှိကာ ရေရရှိရန် လုံလောက်သည့် အေးအပူချိန်ဖြစ်သည်။
Water found for first time on 'potentially habitable' planet

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.