Preview

ကျောက်တော်မြို့နယ်မှ မိုင်းထိ၍ဒဏ်ရာပြင်းထန်သူ အမျိုးသမီး စစ်တွေဆေးရုံကြီးသို့ ရောက်ရှိ

စက်တင်ဘာ ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :4569
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၁၈ /၂၀၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ချောင်းတူကျေးရွာအနီးတွင် မိုင်းထိ၍ ဘယ်ဖက်ခြေသလုံးအောက်ပိုင်း ပြတ်တောက်သွားသော အမျိုးသမီးသည် ယနေ့ညနေပိုင်းက အရေးပေါ်ကုသမှုခံယူရန် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာသည်ဟုသတင်းရရှိသည်။

မိုင်းထိဒဏ်ရာ၇သူမှာ ဒေါ်သန်းသန်းနု (၄၈)နှစ် ဖြစ်ပြီး ယနေညနေ ၄နာရီခန့်တွင် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။

“ကျနော်တို့ မနက် ၈ နာရီလောက်က တောထဲသွားတယ်။ ၁၂ နာရီလောက်မှာအိမ်ပြန်လာတယ်။ အိမ်ပြန်လာတဲ့ လမ်းမှာ သူ့ကိုမိုင်းထိတာပါ။ ကျနော်နဲ့ နည်းနည်းဝေးတော့ ဗုန်း ဆိုတဲ့အသံပဲကြားလိုက်တယ်။ သူ့ဘယ်ခြေနဲ့ မျက်နှာမှာ ဒဏ်ရာရသွားတယ်” ဟု ထိခိုက်ဒဏ်ရာရခဲ့သည်ဟုဒေါ်သန်းသန်းနု၏ အမျိုးသား ဦးသင်္ခါကျော်က ပြောသည်။

မိုင်းပေါက်ရာနေရာမှာ ကျောက်တော်မြို့နယ် ချောင်းတူရွာ အနောက်ဘက် မိုင်ဝက်ခန့်အကွာတွင် ဖြစ်ပြီး လက်ရှိတွင် လူနာ၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ၇ခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားဖြစ်သည်မှာ ၈ လကျော်ကြာမြင့်နေပြီး တိုက်ပွဲများကြား အရပ်သားသေဆုံးမှု ၈၀ကျော်နှင့် အရပ်သားဒဏ်ရာ၇သူပေါင်း ၁၂၀ ခန့်ရှိနေပြီဟု သိ၇သည်။

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.