Preview

လူမှုရေးလှုပ်ရှားသူ ကိုမင်းဘာချေ ကျပ်သိန်း ၅၀ဖြင့် အာမခံရ

စက်တင်ဘာ ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :10437
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၂၁ / ၂၀၁၉

စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းက စစ်တွေ ဖမ်းဆီးခံလိုက်၇သည့် ကိုသန်းလှ (ခေါ်)မင်းဘာချေသည် ကျပ်သိန်း ၅၀ အာမခံဖြင့် လွတ်လာသည်ဟု သတင်းရရှိသည်။

“မနေ့က ညနေပိုင်းက ကျနော်ကို ဖမ်းခေါ်သွားတယ်။ ဘာကြောင့်ဖမ်းတာလည်း ကျနော်မသိဘူး။ ရဲစခန်းကိုရောက်မှ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ တရားစွဲထားတယ် ပြောတယ်။ ကျနာ့်ကို တရားရုံးက အကြောင်းကြားတာလည်း မရှိဘူး။ ဒါပေမယ့် ငြိမ်းစုစီနဲ့ ဖမ်းတာပေါ့။ လွတ်လာပေမယ့် နောက်လာတဲ့ တနင်္လာနေ့ မနက်ပိုင်းရုံးချိန်းမှာ အမှုနဲ့ပတ်သတ်ပြီးတော့ ရင်ဆိုင်ဖို့ပြောထားတယ်”ဟု မင်းဘာချေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကိုသန်းလှကို ၇ခိုင်ပြည်နယ် စစ်တွေမြို့ ဦဥတ္တမပန်းခြံအနီးတွင်  စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီအချိန်က စစ်တွေမြို့အမှတ် ၁ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ညနေ ရ နာရီ အချိန်တွင် ကျပ်ငွေသိန်း ၅၀ ဖြင့် အာမခံဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၁၉ နှင့် တရားစွဲဆိုခံထားရသည့် ကိုသန်းလှက ပြည်ထဲရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်းချက်များတွင် တရားဥပဒေစိုးမိုးရေး စသည့်အချက်များ ပါဝင်ပြီး တရားဥပဒေစိုးမိုးရေး ရှိအောင် တောင်းဆိုသူ လူငယ်များကို  ဖမ်းဆီးတရားစွဲဆိုသည်မှာ အပြောနှင့်အလုပ် မညီခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

ကိုသန်းလှသည် ရခိုင်တွင် တိုက်ပွဲကာလအတွင်း စစ်ကြောရေးကြောင့် သေဆုံးသွားသည့် အရပ်သား ပြည်သူများ အတွက် တရားမျှတမှု ရရှိရေး၊ အရပ်သားပြည်သူများကို မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ညှဉ်းပန်း နှိပ်စက်ခြင်းများကို ချက်ချင်းရပ်တန့်စေရေးအတွက် လူငယ်အချို့နှင့်အတူ ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် သရုပ်ပြတောင်းဆိုခဲ့သူဖြစ်သည်။

သူ့အား တနင်္လာနေ့တွင် စစ်တွေမြို့နယ်တရားရုံးသို့ အမှုရင်ဆိုင်ရန် ရုံးချိန်းရမန်ပေးလိုက်သည်ဟု သတင်းရှိသည်။

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.