Preview

အငူမော်ရွာမှ ဦးအိုးဖောက်၊ အုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ကိုတပ်မတော်ကခေါ်ဆောင်သွား

စက်တင်ဘာ ၂၃/ ၂၀၁၉ | ကြည့်ရှုသူ :7963
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊အငူမော်ကျေးရွာမှ ဝပ်ရှော့ဆရာ ဦးအိုးဖောက် (ခ)လှမောင်ချေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားအချို့ကို တပ်မတော်က ခေါ်ယူသွားသည်ဟု သတင်းရရှိသည်။

တပ်မတော်က ခေါ်ဆောင်သွားသော ရွာသားများမှာ အငူမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှိုင်၊ အိုးဖောက် (ခေါ်)ကိုလှမောင်ချေနှင့် အခြားရွာသားသုံးဦး တို့ ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ ကျွန်တော်တို့အခု အငူမော် ရဲစခန်းကို သွားနေပါတယ်။ ဦးအိုးဖောက်ရဲ့ ဇနီးလည်းပါတယ်။ ဖမ်းတာက ဦးအိုးဖောက်တစ်ယောက်တည်းလို့ သိရပါတယ်။ ကျန်တဲ့အုပ်ချုပ်ရေးမှူးနဲ့ ရွာသားအချို့ကိုလည်း သူ့အနီးမှာတွေ့ပါတယ်” ဟု ပြောကြားသည်။ 

၄င်းတို့ ၅ ဦးအား တပ်မတော်က ယနေ့နေ့လယ် ၁၂ နာရီကျော်တွင် ခေါ်ဆောင်သွားကြောင်း၊ သူတို့အား ဖမ်းဆီးခြင်းလားဆိုသည်ကိုလည်း သဲကွဲစွာ မသိရသေးကြောင်း  အငူမော် ဒေသခံ  ရွာသားများက ပြောသည်။ 

အငူမော်ကျေးရွာမှ သေနတ်ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့သူ ဦးကျော်ဝင်း(၅၅)နှစ်၏ အလောင်းကို ယနေ့ ညနေတွင် သင်္ဂြိုလ်မည် ဖြစ်ရာ တပ်မတော်သားများက ရွာကို ဝိုင်းထားသည်ဟု ရွာသားများဆက်ပြောသည်။

"တပ်က ရွာကို ဝိုင်းထားတယ်။ဒီမနက် ၉ နာရီလောက်ပဲ ဖြစ်မယ်။ခုထိ ဝိုင်းထားတုန်းပါပဲ"ဟု ဒေသခံ တစ်ဦးက နိရဥ္စရာသို့ ပြော သည်။

စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ရသေ့တောင်မြို့နယ်၊မယူကမ်းဒေသ၊အငူမော် အေးရှား ဝေါ့လ် ဆိပ်ကမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ တုံ့ပြန်ပစ်ခတ်စဉ် သီးနှံစိုက်ခင်းအတွင်း မြေဆီကြဲနေသော အငူမော်ကျေးရွာသား ဦးကျော်ဝင်းအား သေနတ်ကျည်ဆံထိမှန်၍ သေဆုံး ခဲ့သည်ဟု မိသားစုများက ပြောသည်။


#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.