Preview

ကျောက်တန်းရွာသား ၆ ဦးကို (၁၁) ကြိမ်မြောက် ရုံးထုတ်

စက်တင်ဘာ ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :5568
ရခိုင် သတင်း

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၄/ ၂၀၁၉

AA နှင့် ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကျောက်တန်းကျေးရွာသား ၆ ဦးကို ယနေ့ စစ်တွေခရိုင်တရားရုံးတွင် (၁၁) ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

" ဒီနေ့ရုံးထုတ်တာက ၆ ယောက်ပေါ့နော်။ အဖမ်းခံထား၇တာက ၈ ယောက်ပါ။ အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက်ပါပါတယ်။ အခုလိုမျိုး ဖမ်းထားပြီး ဘာမှထူးခြားမှုလည်းမရှိဘူး။ ကျွန်မတို့ လုပ်ကိုင်စားသောက်နေတဲ့ စီးပွားရေးအတွက်လည်း အရမ်းနှောင့်နှေး စေပါတယ်။ အရမ်းလည်း အခက်ခဲဖြစ်ပါတယ်" ဟု ကျောက်တန်းကျေးရွာမှ ဖမ်းဆီးခံထားရသည့် မောင်စိုးဝင်းကျော်၏ မိခင် ဒေါ်ဦးခင်ညွှန့်က ပြောသည်။

ယနေ့ ရုံးထုတ်လာသည့် ကျောက်တန်း ကျေးရွာသားများမှာ မောင်ထွန်းမင်းနိုင် (၂၀) နှစ်၊ မောင်ညီညီဌေး (၂၂) နှစ်၊ မောင်မောင်နှိုင် (၂၈) နှစ်၊ မောင်ဦးမြင့်ထွန်း (၂၇) နှစ်၊ မောင်စိုးဝင်းကျော်(၂ရ) နှစ်နှင့် မောင်ငြိမ်းရွှေ (၂၀) နှစ်တို့ဖြစ်ပြီး ၄င်းတို့ကို ဧပြီလ ၃၀ ရက်နေ့က ကျောက်တန်းကျေးရွာ စာသင် ကျောင်းတွင် တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
 
“ပုဒ်မကတော့ ဒီအကြမ်းဘက် ဥပဒေပုဒ်မတွေနဲ့တော့ တရားလိုဘက်က စွဲချက်တင်တယ်ပေါ့နော်။ ဒါပေမယ့် ပုဒ်မက ဒီအမှုကို စစ်တဲ့အပေါ်ပဲ မှုတည်ပြီး ပုဒ်မက ပြောင်းချင်လည်း ပြောင်းသွားမှာပါ။ အမှုက မစစ်ဆေး၇သေးဘူး။ ဒီအသက်မပြည့်သေးတဲ့ ကလေး ၂ ယောက်ကိုတော့ ကလေးသူငယ် တရားရုံးမှာ စစ်ပါတယ်” ဟု စစ်တွေခရိုင် တရားရုံး ရှေ့နေများအသင်းမှ ဒုဥက္ကဌ  ဦးစောလှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းဖမ်းဆီးခံထား၇သူများအား စက်တင်ဘာ ၃၀ ရက်နေ့ ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ရွာသား ၂၇၅ ဦးအား ရွာရှိ အစိုး၇စာသင်ကျောင်း၌ ခေါ်ယူကာ တပ်မတော်က ခေါ်ယူစစ်ဆေးခဲ့သည်။

ထိုသို့ ခေါ်ယူစစ်ဆေးနေစဉ် မေလ ၂ ရက်နေ့ ညဉ့်ဘက်တွင် စစ်တပ်ကပစ်ခတ်သဖြင့် ဒေသခံ ၈ ဦးသေဆုံး ခဲ့ကြောင်းသိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.