Preview

ခုံး(ဂုံး)အမြောက်အမြားသေဆုံးခဲ့မှုတစ်နှစ်ပြည့်ပြီးနောက် ယင်းနေရာတဝိုက်တွင် ခုံးများထပ်မတွေ့ရတော့ဟုဆို

စက်တင်ဘာ ၂၄/ ၂၀၁၉ | ကြည့်ရှုသူ :4552
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊စက်တင်ဘာ ၂၄/၂၀၁၉

၂၀၁၈ စက်တင်ဘာလ က ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်နှင့် အမ်းမြို့အကြား၊လောင်းချောင်ချောင်း၊ တအိုချောင်း ကမ်းရိုးတဝိုက်တွင် ခုံးအမြောက်အမြား သေဆုံးမှု ဖြစ်ပွားခဲ့သည်မှာ စက်တင်ဘာ ၂၂ ရက်နေ့က  တစ်နှစ်ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သေဆုံးမှုဖြစ်ပွားခဲ့ပြီးချိန်မှစ၍ ယင်းချောင်းကြောင်းတစ်လျှောက်တွင် ခုံးများကို အသက်ရှင်လျက် မတွေ့ရသည် မှာ ယနေ့အချိန်ထိ ဖြစ်ကြောင်း  အမ်းမြို့ဒေသခံ၊၇ခိုင့်သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ကွန်ရက် (ANREN) အဖွဲ့ က ကိုမျိုးလွင်က နိရဥ္စရာသို့ ပြောသည်။

“ကုန်ခဲ့တဲ့ နှစ်က သေတဲ့နှစ်ကတည်းက ထပ်ပြီး အရှင်မတွေ့ရဘူးပေါ့။ကောက်လည်း မကောက်ကြဘူးပေါ့။ အဲ့ဒီနေရာမှာ ထပ်ပြီးတော့ မရှင်တာမျိုးပေါ့။ကျွန်တော်တို့ကတော့ သုတေသနတော့ အမြဲလုပ်နေပါတယ်။အမ်း မြို့နယ် အပါအဝင် မြို့နယ် ငါးမြို့နယ်မှာ ညစ်ညမ်းရေထုရောက်ခဲ့တဲ့ နေရာတွေမှာ ခုံး အမျိုးအစားအလိုက် ပေါ့နော်။အများအားဖြင့်တော့ ဒီသေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတဝိုက်မှာတော့ ခုံးတွေကို ထပ်မတွေ့၇တော့ဘူး”ဟု ကိုမျိုးလွင်က ပြောသည်။

ခုံးကောင်များ၊အစုလိုက်အပြုံလိုက် သေဆုံးမှုသည် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း သံဇစ်မြစ်တစ်လျှောက် ရေထုညစ်ညမ်းမှု ဖြစ်ခဲ့သည့်နောက်ပိုင်း စတွေ့ခဲ့ရပြီး၊ခုံးကောက်သူများတွင်လည်း အရေပြားရောဂါများ ဖြစ်ပွားလာခဲ့သည်ဟု ပိုက်လိုင်းရေးရာ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ပြည်နယ်အစိုးရသို့ တင်ပြခဲ့သည် ဟုသိရသည်။

ခုံးအမြောက်အမြား သေဆုံးသည့် သတင်း လူမှုကွန်ရက်သို့ တက်လာသည်နှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင်  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးမှုများရှိခဲ့ပြီး ၄င်းသေဆုံးမှုသည် သာမန်ဖြစ်ရိုးဖြစ်စဉ် အတိုင်း သေဆုံးခြင်းဖြစ်သည်ဟု ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနက ပြောကြားခဲ့သည်။

ခုံးများ သေဆုံးမှုကို လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည့် အတွက် ကိုမျိုးလွင်ကို အောက်တိုဘာလ ၆ ရက်နေ့က အမ်းမြို့မရဲစခန်းမှ ခေါ်ယူပြီး၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊၆၈(က)တို့ဖြင့် တရားစွဲဆိုခဲ့ရာ လာမည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ၁၆ ကြိမ်မြောက် ရုံးချိန်းကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိ၇သည်။

ယခင်က ၄င်းချောင်းရိုးတဝိုက်တွင် အချိန်အနည်းငယ် ကောက်ရုံဖြင့် မိသားစု တစ်စားစာ ရရှိသော်လည်း ယခုအခါ ခုံးကောင်များမှာ မရှိသလောက် ရှားပါးသွားခဲ့ပြီဟု သိ၇သည်။


#သဘာဝပတ်ဝန်းကျင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.