Preview

စစ်တွေကမ်းနားလမ်းမြစ်ကမ်းအနီး စက်လှေမီးလောင်၊ လူ ၅ ဦးဒဏ်ရာရ

စက်တင်ဘာ ၂၅/ ၂၀၁၉ | ကြည့်ရှုသူ :5951
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၅/၂၀၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်း မြို့လယ်ချောင်းအနီးတွင် စက်တင်ဘာလ ၂၅ ရက် နံနက် အစောကြီး ညဉ့် ၂ နာရီကျော်က စက်လှေတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး စက်လှေပေါ်တွင်ရှိနေသူ လူ ၅ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

၄င်းစက်လှေမှာ မြစ်ကမ်းအနီး စက်နိုးချိန်တွင် ဆီထည့်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။

မီးလောင်မှုကြောင့် လူ ၅ ဦး ဒဏ်ရာ အသီးသီးရရှိခဲ့ကာ ၎င်းတို့အထဲမှ စက်လှေပိုင်ရှင်ဖြစ်သူ ဦးခင်မောင်ရွှေ (၄၈)နှစ်မှာ တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်းသိရသည်။

“မီးလောင်နေတယ်လို့ တာဝန်သိပြည်သူ တစ်ယောက်ကဖုန်းဆက်လို့သွားရောက်မီးငြိမ်းပေးခဲ့ပါတယ်။ ကျနော်တို့ ရောက်တဲ့အချိန် အတော်လောင်နေပါပြီ။ စက်လှေ ပိုင်ရှင်လူနာကို ဆေးရုံတင်ထားပါတယ်” ဟု စစ်တွေမြို့နယ် မီးသတ် ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစံရွှေထွန်း က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော စက်လှေမှာ မြေပုံမြို့နယ် သရက်ချောင်းကျေးရွာမှ ဖြစ်ကြောင်း၊နံနက် ၄ နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးရုံးမှ သိရသည်။

ဒဏ်ရာ၇သူ ၅ ဦးစလုံးကို ဆေးရုံတင်ထားရပြီး စက်လှေပိုင်ရှင် ဦးခင်မောင်ရွှေ မှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိ၇သည်။

(ဓာတ်ပုံ- ၇ခိုင်ပြည်နယ် မီးသတ်)

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.