Preview

ရခိုင်ပြည်နယ်လွှတ်တော်မှအတည်ပြုလိုက်သောအဆိုများ ပြည်နယ်အစိုးရကလျင်မြန်စွာ အကောင်အထည်ဖော်ပေးရန်တောင်းဆို

စက်တင်ဘာ ၂၈/ ၂၀၁၉ | ကြည့်ရှုသူ :504
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၂၈/၂၀၁၉

ရခိုင်ပြည်နယ်လွှတ်တော်မှ အတည်ပြုလိုက်သောအဆိုများကို ပြည်နယ်အစိုးရက လျင်မြန်စွာ အကောင်အထည်ဖော်ပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းသောအဆိုအများစုသည် အတည်ဖြစ်သော်လည်း အစိုးရဖက်က အကောင်အထည်ဖော်လုပ်ဆောင်ခြင်းများသည် နှောင်နှေးနေသောကြောင့် လျင်မြန်စွာ အကောင်အထည် ဖော်ပေးရန်လိုအပ်သည်ဟု မြောက်ဦးမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ယနေ့ပြုလုပ်သော လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောခဲ့သည်။

"ကျနော်တို့ လွှတ်တော်မှာက အဆိုတော်တော်များက အတည်ဖြစ်တယ်။ ဒါပေမဲ့ အစိုးကအကောင်အထည်ဖော် ဆောင်ရွက်မှုအပိုင်းတော့ နှောင်နှေးတယ်။ ခုအဆိုတွေက အရေးကြီးတယ်။ ဒါကြောင့် အစိုးအနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်" ဟု ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သောအဆိုများကို ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တိတိကျကျ အကောင်အထည်ဖော်ပေးရန်လည်း ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက တောင်းဆိုလိုက်သည်။

“ကျနော်တို့ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်က တင်သွင်းတဲ့အဆို၊ အတည်ပြုတဲ့အဆိုက တိတိကျကျ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်”ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ဒုတိယအကြိမ် ၇ခိုင်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စစ်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှု စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရန်အဆိုနှင့် ရှေးဟောင်းယဉ်ကျေးမှု၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေကျေးရွာများကို အကာအကွယ်ယူ၍ ပစ်ခတ်မှုမပြုလုပ်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက် ပေးသင့်ကြောင်းအဆို စသည့် အရေးကြီးသောအဆိုနှစ်ခုကို အတည်ပြုခဲ့ကြောင်း သိ၇သည်။

#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.