Preview

ကျောက်တော်မြို့နယ်ကာဒီရွာတွင် ပစ်ခတ်ခံရ၍ ကုန်တင်ကုန်ချအလုပ်သမားတစ်ဦးသေဆုံး

အောက်တိုဘာ ၀၂/ ၂၀၁၉ | ကြည့်ရှုသူ :7696
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊အောက်တိုဘာ ၂ /၂၀၁၉

ရခို်င်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ကာဒီကျေးရွာတွင် ယနေ့နံနက် ၅ နာရီကျော်ခန့်က သေနတ်ပစ်ခံရ၍ ကုန်တင်ကုန်ချအလုပ်သမား တစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေနတ်နှင့် ပစ်ခံ၇ပြီး သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် အပေါက်၀ကျေးရွာမှ ဦးစိုးနိုင်(ခ)လူချေ (၄၀)နှစ်ဖြစ်ပြီး ကျောက်တော်မြို့ လေး၀တီကားဂိတ်တွင် ကုန်ထမ်းသမားအလုပ်ကို လုပ်ကိုင်နေသူဖြစ် ကြောင်း  သိရသည်။

“သူက ကျောက်တော်မှာ ကူလီထမ်းတယ်။ အလုပ်က မနက်အစောကြီးသွား၇တာ။ ဒီနေ့မနက် ၅ နာရီ ကျော်ဝန်းကျင်က အလုပ်သွားဖို့ထွက်သွားတာမှာ အပစ်ခံရတာပါ” ဟု အိမ်နီးချင်းဖြစ်သူ ဒေါ်မစောယဉ် က နိရဥ္စရာသတင်းဌာနကို ပြောသည်။

သေဆုံးသူ ဦးစိုးနိုင်ကို ယနေ့နံနက်က အလုပ် လုပ်ရန်ကျောက်တော်မြို့သို့ သွားရာ ကာဒီရွာအရောက်တွင် ကုလားတန်မြစ်ကြောင်းအနီး ကင်းစောင့်နေသော တပ်မတော်ဘက်မှ ပစ်ခတ်ခြင်းခဲ့ခြင်းဖြစ်ကြောင်း ကာဒီ ကျေးရွာ သားများက ပြောသည်။

“မနက် ၅ နာရီကျော်လောက်က ကျွန်တော့်အမေ ဆွမ်းထချက်ပါတယ်။ ကျွန်တော်တို့အိမ်ရှေ့နားကနေ သုံးလေးချက်ဆင့်ပစ်တာပါ။ စစ်သားတွေပါ။ အခု အလောင်းက ဒီတိုင်းရှိပါသေးတယ်”ဟု ကာဒီ ကျေးရွာ သားတစ်ဦးကပြောသည်။

အဆိုပါ ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချူပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက “ အဲဒီကိစ္စကတော့ ကျွန်တော်မကြားမိသေးဘူး။ ဒါပေမဲ့ အဲဒီဘက်တွေမှာ ညမထွက်ရ အမိန့်ထုတ်ထားတယ်။ အကြမ်းအားဖြင့် ကျွန်တော်သိတာက ညဆယ်နာရီကနေ နံနက် ၆  နာရီလို့ထင်တယ်။ဒီကိစ္စကို ကျွန်တော် စုံစမ်းလိုက်ပါမယ်” ဟုပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းက “ ကျွန်တော်တို့ သတင်းရတဲ့ အတွက် အခု ကာဒီရွာဘက်ကို သွားဖို့လုပ်နေပါတယ်။ သေဆုံးတာတော့မှန်ပါတယ်။ အချိန်ကတော့ ၅ နာရီကျော် ပတ်ဝန်းကျင်လို့ သိ၇ပါတယ်”ဟု ပြောသည်။

ကျောက်တော်မြို့နယ်တွင် ညမထွက်၇အမိန့်မှာ ည ၉ နာရီမှ နံနက် ၅ နာရီ အထိ ထုတ်ထားခြင်း ဖြစ်ကြောင်း ဦးထွန်းဝင်းက အတည်ပြု ပြောကြားသည်။

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.