Preview

ပလက်၀မြို့ အနီး မိုင်းပေါက်ကွဲ

အောက်တိုဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :4111
ရခိုင် သတင်း
နောင်ခိုင်အောင်

နိရဥ္စရာ၊ အောက်တိုဘာ ၄/၂၀၁၉

ချင်းပြည်နယ်၊ ပလက်၀မြို့၊ ကုလားတန်မြစ်၏ အရှေ့ဘက်ကမ်းရှိ ပလက်ချောင်း၊ ချောင်း၀ ကူတိုးဆိပ်နှင့် မြို့ဦးစေတီ(ခေါ်) အောင်စေတီသွားလမ်းကြားတွင် ယနေ့ မနက် ၉နာရီခန့်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

“အောင်စေတီဘုရားနားမှာ မိုင်းတစ်လုံးကွဲတယ်။ ခလ၇(၂၈၉)တပ်ရင်းကိုသွားတဲ့လမ်းမှာဖြစ်တာပါ။ ဘာကြောင့်လဲ ဆိုတာတော့မသိဘူး။ အခုပဲပေါက်တာတာပါမိုင်းက တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။” ပလက်၀ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ဖုန်းဆက်ပြောသည်။

ယခုမို်င်းပေါက်ကွဲသည့်နေရာသည်။ ပလက်၀မြို့ သာယာ၀ရပ်ကွက် ကူတိုးဆိပ်ကမ်း၏ အရှေ့ဘက်ခြမ်း ပလက်ချောင်း၊ ချောင်း၀ကူတိုးဆိပ်ကမ်းနှင့် အောင်စေတီ(ခေါ်) မြို့ဦးစေတီအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပလက်၀မြို့နယ် အုပ်ချုပ်ရေးမှူးအား ဆက်သွယ်မေးမြန်းရာ ယနေ့ နံနက် ၉ နာရီခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း၊ တပ်ဘက်ဆိုင်ရာ ကိစ္စရပ်များဖြစ်၍ မိမိအနေဖြင့် အသေးစိတ် သိရှိနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။

အမည်မဖော်လိုသူ အစိုးရ ဝန်ထမ်းတစ်ဦးကလည်း မိုင်းပေါက်ကွဲခြင်းမှာဟုတ်မှန်ကြောင်း၊ အထိအခိုက် ရှိ/မရှိဆိုသည်ကို မသိရသေးကြောင်း ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုတွင် သေဆုံးမှုတချို့ရှိသည်ဟု ဒေသအတွင်းသတင်းထွက်ပေါ်နေသော်လည်း နိရဥ္စရာသတင်းဌာန အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.