Preview

စစ်တွေမြို့ပေါ်ပစ်ခတ်မှုဖြစ်၊ အေးငြိမ်းကုမ္ပဏီပိုင်ရှင်အပါအဝင်နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၀၅/ ၂၀၁၉ | ကြည့်ရှုသူ :1059
ရခိုင် သတင်း

သိန်းဇော်(မောင်တော)၊ချစ်အိလှိုင်
နိရဥ္စရာ၊အောက်တိုဘာ ၅/၂၀၁၉

၇ခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ပေါ်တွင် ယမန်နေ့ ည ၁၀ နာရီအချိန်၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အေးငြိမ်းကုမ္ပဏီပိုင်ရှင် အပါအဝင် လူနှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

သေနတ်နှင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ အေးငြိမ်းဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးညီညီ (၄၄) နှစ်နှင့် သုံးဘီးမောင်းသူ ကိုညီညီနိုင်(၃၁) တို့ နှစ်ဦးဖြစ်သည်။

 ယမန်နေ့ ည ၁၀ နာရီကျော်က အေးငြိမ်းဆောက်လုပ်ရေး ပို်င်ရှင် ဦးညီညီသည် အေးငြိမ်းဆေးခန်းမှ ကိုညီညီနိုင် မောင်းနှင်သော သုံးဘီးနှင့်ပြန်လာစဉ် ကျောင်းတက်လမ်းရပ်ကွက် အေးယားမန္တလေး လေယာဉ် လက်မှတ် အရောင်းဌာနရှေ့ အရောက်တွင် အမည်မသိ သေနတ်သမား တချို့က သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုသို့ပစ်ခတ်ခံရခြင်းကြောင့် ဦးညီညီမှာ မေးရိုးကို ကျည်ဆံရှပ်ထိပြီး လည်ပင်းသို့  ဖောက်ဝင်သွားကြောင်း၊  သုံးဘီးမောင်းသူ ကိုညီညီနိုင်တွင် ဘယ်ဘက်ပေါင်ကို ကျည်ဆံထိမှန်ခဲ့ကြောင်း သိ၇သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ  စခန်းမှူးက”ဘာမှ မလုပ်ရသေးဘူး။အဲဒါကြောင့် ဘာမှပြောလို့ မရသေးဘူး။နေ့ခင်းဘက်မှလာပါ”ဟု နိရဥ္စရာသို့ပြောသည်။

၄င်းတို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယနေ့နေ့လယ်တွင် စစ်တွေဆေးရုံမှ ရန်ကုန်သို့ အရေးပေါ် ပို့ဆောင်ရမည်ဖြစ်ကြောင်းသိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.