Preview

AA နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကျောက်တန်းရွာသား ၆ ဦးအား ရုံးထုတ်စစ်ဆေး

အောက်တိုဘာ ၀၇/ ၂၀၁၉ | ကြည့်ရှုသူ :6303
ရခိုင် သတင်း
နီမင်းထွန်း

အောက်တိုဘာ ၇ / ၂၀၁၉

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်တန်းရွာသား ၆ ဦးကို ယနေ့ အောက်တိုတာဘာလ ရ ရက်နေ့တွင်ရုံးထုတ်စစ်ဆေးခဲ့သည်။

ဖမ်းဆီးခံထားရသူမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ မောင်ထွန်းမင်းနိုင်(၂၀)နှစ်၊ မောင်ညီညီထွေး (၂၂)နှစ် ၊ မောင်မောင်နိုင် (၂၈)နှစ် ၊ မောင် ဦးမြင့်ထွန်း (၂၇)နှစ် ၊ မောင်စိုးဝင်းကျော် (၂ရ)နှစ် နှင့် မောင်ငြိမ်းရွှေ (၂၀)နှစ်တို့ဖြစ်သည်။

၄င်းတို့်ကို ဧပြီလ ၃၀ ရက်နေ့က ကျောက်တန်းကျေးရွာစာသင်ကျောင်းတွင် မြန်မာတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းက "ဒီနေ့ကတော့ ထူးခြားမှုတွေမရှိသေးဘူး။ ဒီအမှုမှာက တရားခံပြေး ၈၁ ယောက်ပါတယ်။ ခုက တရားခံပြေးအမှုကို စစ်ဆေးနေတုန်းပဲရှိသေးတယ်။ ပြီးမှ ရာဇဝတ်ကြီးအမှုကို စစ်ဆေးသွားမှာဖြစ်တယ်"ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

မောင်ဖြစ်သူ အဖမ်းဆီးခံထားရသည့် ကျောက်တန်းကျေးရွာမှ မခင်မိုးနွယ်က "ဖမ်းဆီးထားတာ အချိန်တွေလည်း ကြာတော့ မိသားစု စား၊ ဝတ်၊ နေရေးတွေအဆင်မပြေဘူး။ ငွေရေးကြေးရေးကအစ ဒုက္ခရောက်နေတယ်။ တရားဥပဒေအရ အမြန်ဆုံးဆောင်ရွက်ပေးစေချင်ပါတယ်။"ဟုလည်း နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ လ နီးပါးကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံ၇သူ ၁၃၀ ခန့်ရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိ၇သည်။

#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.