Preview

ကျောက်တန်းရွာတွင် အဖွားအိုတစ်ဦးသေဆုံး၊ မိသားစုများရွာကထွက်ပြေးနေရ၍ သင်္ဂြိုလ်ရန်အခက်အခဲဖြစ်နေဟုဆို

အောက်တိုဘာ ၀၈/ ၂၀၁၉ | ကြည့်ရှုသူ :4904
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ ၈/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် အသက် ၇၀ ကျော် အဖွားအိုတစ်ဦး တိုက်ပွဲ ဖြစ်နေချိန်အတွင်း ကြောက်လန့်ပြီး သေဆုံးသွားခဲ့သည်ဟု ကျေးရွာသားများက သတင်းပေးပို့သည်။

၎င်းအဖွားအိုမှာ ဒေါ်စံဝင်းဖြူ အသက် (၇၀) ကျော် အရွယ် ဖြစ်သည်ဟု ကျေးရွာသားက ပြောကြားသည်။

“ အခုအခက်အခဲ ဖြစ်နေတာက သူရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေက တိုက်ပွဲ ဖြစ်တဲ့ အတွက် ရွာကနေ ထွက်ပြေးနေကြရတယ်။ စစ်တပ်က ကျောက်တန်းက ရွာထဲမှာရှိနေတော့ ဘယ်သူမှ ရွာထဲကို မဝင်ရဲဘူး။ အခုက အဲဒီ အဖွားကြီးကို သင်္ဂြိုလ်မယ့်နေရာမှာ အခက်အခဲ ဖြစ်နေပါတယ်။ ဒေါ်စံဝင်းဖြူက ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်က ဆုံးသွားတယ်လို့ သိရပါတယ်” ဟု ကျောက်တန်းကျေးရွာသား တစ်ဦးက ပြောသည်။

ဒေါ်စံဝင်းဖြူ၏ သားကြီးဖြစ်သူ ဦးမောင်ဝင်းညွှန့်မှာလည်း ကျောင်းအုပ်ဆရာကြီးဘ၀ဖြင့် ပေါက်တောမြို့နယ် (သို့မဟုတ်) မြေပုံမြို့နယ် ကမ်းထောင်ကြီးမြို့တွင် တာဝန် ကျနေသည်ဟု ကြားသိရကြောင်း၊ နောက်သားတစ်ဦးဖြစ်သူ မောင်စံလိူင်မှာ ကျောင်းအကူအဖြစ်ဖြင့် ကျောက်တန်း အထကတွင် တာဝန်ထမ်းဆောင်နေသော်လည်း တိုက်ပွဲကြောင့် ရွာကနေ ထွက်ပြေးနေရသဖြင့် မိခင်သေဆုံးရာသို့သွားရန် အခက်ကြုံနေရကြောင်း ၎င်းက ပြောကြားသည်။

ကျောက်တန်းတစ်ရွာလုံးမှာ ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိ၇သည်။
   

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.