Preview

မတရားအသင်းအက်ဥပဒေဖြင့် တရားစွဲဖမ်းဆီးခံထား၇သည့် ချင်းလက်၀ကျေးရွာသား ၁၃ ဦးကို ရုံးထုတ်

အောက်တိုဘာ ၀၉/ ၂၀၁၉ | ကြည့်ရှုသူ :4682
ရခိုင် သတင်း

နီမင်းထွန်း
နိရဥ္စရာ၊ အောက်တိုဘာ ၉ / ၂၀၁၉

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ချင်းလက်၀ကျေးရွာမှ မတရားအသင်းအက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံထား၇သူ ၁၃ ဦးကို ယနေ့ အောက်တိုဘာလ ၉ ရက်နေ့က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဖမ်းဆီးတရားစွဲခံထား၇သူများမှာ ချင်းလက်၀ကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၁၂ ဦးတို့ဖြစ်သည်။

အဆိုပါအမှုအားလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးဦးထွန်းလှက "ဒီနေ့မှာလည်း တရားလို သက်သေမရောက်ဘူး။ တရားလိုအပါအဝင် လိုပြသက်သေ ၁၀ ဦးမှာ ၇ ဦးကို စစ်ပြီးသွားပြီ။ ကျန် ၃ ဦးက ပခုက္ကူထောင်မှာ ထောင်ကျနေတဲ့ ထောင်သားတွေဖြစ်တဲ့အတွက် ကြန့်ကြာနေတာဖြစ်တယ်" ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

ယနေ့ရုံးထုတ်စစ်ဆေးခံခဲ့ရသူများကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျောက်တော်မြို့ မြို့မရပ်ကွက် ဦးသိန်းစိုး နှင့် ဒေါ်လှလှရီတို့ နေအိမ်တွင် စစ်ဘေးရှောင်နေစဉ်အတွင်း ရဲကဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂)တို့ဖြင့် တရားစွဲခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးတရားစွဲခံထားရသူ ဦးမောင်ခိုင်၏ဇနီး ဒေါ်မသောင်းတင်က "အခုကျမတို့က တခြားရွာမှာနေနေရတယ်။ လုပ်ကျွေးတဲ့ အိမ်ရှင်ကိုဖမ်းထားတော့ သားသမီးကိုလည်း စာမသင်နိုင်တော့ဘူး။ မိသားစု စား ၊ ဝတ်၊ နေရေး ဒုက္ခတွေရောက်နေတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်" ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁၀ လ နီးပါးကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံ၇သူ ၁၃၀ ခန့်ရှိကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ စာရင်းအရ သိ၇သည်။

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.