ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် ဗုံးပေါက်ကွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.2k

နိရဥ္စရာ၊ အောက်တိုဘာ ၁ဝ/၂ဝ၁၉

ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဘူးသီးတောင်မြို့ ပန်းဇင်းချောင်း တံတားအရှေ့ဘက် ဆောက်လုပ်နေသော NLD ရုံးသစ်အနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ ဗုံးပေါက်တာ နံနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ဖြစ်ပါတယ်။ အကျယ်ကြီးကြားရပါတယ်။ ဘူးသီးတောင်မြို့ ပန်းဇင်းချောင်းတံတား အရှေ့ဘက် နန်းရာကုန်းဆိုတာ ရှိတယ်။ အဲဒီမှာ NLD ရုံးသစ်ဆောက်နေတာ ရှိတယ်လို့ သိရတယ်။ အဲဒီနားကွဲတယ်လို့ သိရတယ်။ ဒီလောက်ဘဲ သတင်းရတယ်။ ဘူးသီးတောင်ရဲကိုမေးတော့သူတို့လည်း နယ်ခြားစောင့်နယ်မြေဆိုတော့ မသွားဘူးလို့ သိရတယ်။ ဘာမှ မေးလို့ မရဘူး” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ သူ့မှာ ဘူးသီးတောင်မှ ပြောင်းသွားပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ဗုံးပေါက်ကွဲသည်ဟု ကြားသိရကြောင်း၊ ပန်းဇင်းချောင်း တံတား အကျော်တွင် ဖြစ်ကြောင်း၊ လမ်း တစ်ဝက်လောက် ပျက်သွားသည်ဟု သိရကြောင်း၊ အထိအခိုက် မရှိဟု သိရကြောင်း ပြောကြားသည်။

၎င်းလမ်းမှာ ဘူးသီးတောင်မြို့မှ တမသို့သွားသော လမ်းဖြစ်ကြောင်း၊ ပန်းဇင်းချောင်းတံတား အလွန် နန်းရာကုန်း၊ ကွန်ဒိုင်၊ ဒပြုချောင်း၊ ပြီးလျှင် တပ်မသို့ ရောက်ကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ်ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းအဆက်အသွယ် မရရှိသေးပါ။

ဆက်စပ် သတင်းများ