ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ရသေ့တောင် သောင်းဒရားအနီး မေယူမြစ်အတွင်းရေတပ်သင်္ဘောကို AAမှ လက်နက်ကြီးဖြင့် ပစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၁ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာအနီး မေယူမြစ်တွင် ရေတပ်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

သောင်းဒရားကျေးရွာအုပ်ချုပ်ရေးမှူးက “ ဖြစ်တာက ဒီကနေ့ မနက် ၁ဝ နာရီကျော်လောက်မှာ ဖြစ်တာပါ။ သောင်းဒရားပြွန်ရှိပါတယ်။ အဲပြွန်ဝ မေယူမြစ်ထဲ ရေတပ်သင်္ဘောကို ပစ်ပါတာပါ။ အေအေက လက်နက်ကြီးနဲ့ နှစ်လုံးသုံးလုံးပစ်တယ်။ ထိ/မထိကိုတော့ မသိပါ။ အဲဒီနောက် ရေတပ်ကနေ တစ်အား ပြန်ပစ်ပါတယ်” ဟု ပြောကြားသည်။

ရေတပ်မှ ပြန်ပစ်သဖြင် သောင်းဒရားကျေးရွာအနီးတွင် လက်နက်ကြီးကျည်များ ကျခဲ့ကြောင်း၊ မိနစ် ၂ဝ ခန့် သေနတ်သံများကြားခဲ့ရကြောင်း ၎င်း ပြောကြားသည်။

“ ကျွန်တော်တို့ရွာသားတွေကအကုန်လုံး ထွက်ပြေးရပါတယ်။ ဇရပ်လှရွာဘက်နဲ့ သောင်းဒရားပြင် တောင်တန်းတွေ ကွယ်တဲ့နေရာကိုထွက်ပြေးကြရပါတယ်။ ဒီလို ဖြစ်တော့ ရွာသားတွေက ကြောက်ကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုအခါ ရေတပ်သင်္ဘောမှာ ယခုအခါ ၎င်းနေရာဆုတ်ခွာပြီး ရသေ့တောင်မြို့ စည်ကားတောင်အနီး ၅၃၇ တပ်ရင်းတည့်တည့်သို့ ရောက်နေသည်ဟု ရသေ့တောင်ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် ကယ်ဆယ်ရေး အဖွဲ့ပေါင်းစုံ ဥက္ကဋ္ဌ ဦးကျော်သာခင်အား မေးမြန်းရာ ၎င်းက ပစ်ခတ်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ရှော့တိုက်ဒုံးလား၊ အာရ်ပီဂျီလားဆိုသည်ကို မသိကြောင်း၊ တစ်ချို့က သုံးလုံးပစ်ပြီး၊ တစ်ချို့က ၂ လုံးပစ်သည်ဟု ပြောနေကြကြောင်း၊ သို့သော် နေဗီကို ထိခိုက်မှု မရှိဟု သိရကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ