Preview

ရသေ့တောင် သောင်းဒရားအနီး မေယူမြစ်အတွင်းရေတပ်သင်္ဘောကို AAမှ လက်နက်ကြီးဖြင့် ပစ်

အောက်တိုဘာ ၁၀/ ၂၀၁၉ | ကြည့်ရှုသူ :7524
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ၁၀/ ၂၀၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာအနီး မေယူမြစ်တွင် ရေတပ်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော် (AA) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု သတင်းရရှိသည်။

သောင်းဒရားကျေးရွာအုပ်ချုပ်ရေးမှူးက “ ဖြစ်တာက ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ဖြစ်တာပါ။ သောင်းဒရားပြွန်ရှိပါတယ်။ အဲပြွန်၀ မေယူမြစ်ထဲ ရေတပ်သင်္ဘောကို ပစ်ပါတာပါ။ အေအေက လက်နက်ကြီးနဲ့ နှစ်လုံးသုံးလုံးပစ်တယ်။ ထိ/မထိကိုတော့ မသိပါ။ အဲဒီနောက် ရေတပ်ကနေ တစ်အား ပြန်ပစ်ပါတယ်” ဟု ပြောကြားသည်။

ရေတပ်မှ ပြန်ပစ်သဖြင် သောင်းဒရားကျေးရွာအနီးတွင် လက်နက်ကြီးကျည်များ ကျခဲ့ကြောင်း၊ မိနစ် ၂၀ ခန့် သေနတ်သံများကြားခဲ့ရကြောင်း ၎င်း ပြောကြားသည်။

“ ကျွန်တော်တို့ရွာသားတွေကအကုန်လုံး ထွက်ပြေးရပါတယ်။ ဇရပ်လှရွာဘက်နဲ့ သောင်းဒရားပြင် တောင်တန်းတွေ ကွယ်တဲ့နေရာကိုထွက်ပြေးကြရပါတယ်။ ဒီလို ဖြစ်တော့ ရွာသားတွေက ကြောက်ကြပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုအခါ ရေတပ်သင်္ဘောမှာ ယခုအခါ ၎င်းနေရာဆုတ်ခွာပြီး ၇သေ့တောင်မြို့ စည်ကားတောင်အနီး ၅၃၇ တပ်ရင်းတည့်တည့်သို့ ရောက်နေသည်ဟု ရသေ့တောင်ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် ကယ်ဆယ်ရေး အဖွဲ့ပေါင်းစုံ ဥက္ကဋ္ဌ ဦးကျော်သာခင်အား မေးမြန်းရာ ၎င်းက ပစ်ခတ်ခဲ့ခြင်းမှာ ဟုတ်မှန်ကြောင်း၊ ရှော့တိုက်ဒုံးလား၊ အာရ်ပီဂျီလားဆိုသည်ကို မသိကြောင်း၊ တစ်ချို့က သုံးလုံးပစ်ပြီး၊ တစ်ချို့က ၂ လုံးပစ်သည်ဟု ပြောနေကြကြောင်း၊ သို့သော် နေဗီကို ထိခိုက်မှု မရှိဟု သိ၇ကြောင်း ပြောကြားသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.