Preview

တောင်ကုတ်ဒီဂရီကောလိပ် အဝေးသင်ကျောင်းသားရေးရာကော်မတီဖွဲ့စည်း

အောက်တိုဘာ ၁၁/ ၂၀၁၉ | ကြည့်ရှုသူ :5477
ရခိုင် သတင်း

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၁၁/၂၀၁၉

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၊ တောင်ကုတ်ဒီဂရီကောလိပ် အဝေးသင်ကျောင်းသားရေးရာကော်မတီကို ဖွဲ့စည်းခဲ့သည်ဟု သတင်းရရှိသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နေ့လယ်က တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးပြီး ကျောင်းသားဦးရေ ၁၀ ယောက်ဖြင့် ယင်းကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

တောင်ကုတ်ဒီဂရီကောလိပ်တွင် အနယ်နယ် အရပ်ရပ်မှ လာရောက်ပညာသင်ကြားနေသည့် အဝေးသင် ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ယင်းအဝေးသင် ကျောင်းသားရေးရာ ကော်မတီကို  ဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း တောင်ကုတ်ဒီဂရီကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုသော်ဇင်ထွန်းက နိရဥ္စရာသို့ ပြောသည်။

”ကျွန်တော်တို့ ဒီအဝေးသင်ကာလအတွင်းမှာ အဝေးသင်ကျောင်းသားတွေနဲ့ အနီးကပ်ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်၊ အခက်အခဲတွေကို ကျွန်တော်တို့ ကျောင်းသားသမဂ္ဂ က ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီကော်မတီကို ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းပြောသည်။

အဝေးကျောင်းသားများ၏ လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများမှာ အဆောင်နေစရိတ်၊ စားစရိတ်များ ဖြစ်ကြောင်း ကိုသော်ဇင်ထွန်းက ဆက်ပြောသည်။

“အဝေးသင်ကျောင်းသားတွေအတွက် အဓိက အခက်အခဲဆိုတော့ နေစရိတ်ကြီးတယ်၊ စားစရိတ်ကြီးတယ်။ အရင်က နေစားရိတ်က ရှစ်သောင်းလောက်ကျတယ်။ အခုက တစ်သိန်းဖြစ်နေပြီ”ဟု ပြောသည်။

တောင်ကုတ်ဒီဂရီကောလိပ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် အနယ်နယ်၊အရပ်ရပ်မှ လာရောက်ပညာသင်ကြားနေသည့် အဝေးသင်ကျောင်းသားဦးရေ ၆၀၀၀ ကျော်ရှိသည်ဟု ကျောင်းသားသမဂ္ဂ အဖွဲ့ထံမှ သိ၇သည်။


#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.