Preview

ပုဏ္ဏားကျွန်းမြို့နယ်တိုက်ပွဲ စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်

အောက်တိုဘာ ၁၇/ ၂၀၁၉ | ကြည့်ရှုသူ :6632
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၇ /၂၀၁၉

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ မြိုတိုင်းရင်းသားများနေထိုင်သည့် အောင်မြကျော်ကျေးရွာအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီ ကျော်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်က ၇ဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ယနေ့မွန်းလွဲ ၁၂ နာရီခန့်တွင် လောင်းပုပ်တောင်ဘက်မှ လက်နက်ကြီးပစ်ခတ်သံများ ကြား၇ကြောင်း၊ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် အောင်မြကျော်ကျေးရွာအပေါ်မှ စစ်၇ဟတ်ယာဉ်နှစ်စီး ပျံဝဲကာ လောင်းပုပ်တောင်ဘက်သို့ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၄င်းကျေးရွာမှ မြိုတိုင်းရင်းသားတစ်ဦးဖြစ်သူ  ဦးမောင်စံထွန်း (ခေါ်)ဦးမောင်ပိုက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ကျွန်တော်တို့ရွာအပေါ်ကနေလှမ်းပစ်တာပါ။ လောင်းပုပ်တာင်ဘက်ကိုပစ်ပါတယ်။ ရဟတ်ယာဉ်ပေါ်ကနေ စက်လက်နက်တွေနဲ့ပစ်တာပါ။ ကျွန်တော်တို့ရွာက အိမ်သုံးအိမ်ရဲ့ခေါင်မိုးတွေပေါ်မှာ ကျည်ခွံတွေကျပြီ းခေါင်မိုးပေါက်သွားပါတယ်။ ရွာသားတွေကြောက်လန့်နေကြပါတယ်။ ပြေးဖို့နေရာလည်းမမြင်ပါဘူး” ဟု ၎င်းက ပြောသည်။

အောင်မြကျော်ကျေးရွာအနီး လောင်းပုပ်တာင်ပေါ်တွင် အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်ပြီး  လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများ ကြားရကြောင်း ဦးမောင်စံထွန်းက ဆက်ပြောသည်။

ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်သည်ဆိုသည့် ကိစ္စနှင့် ပက်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “ တိုက်ပွဲဖြစ်တာတော့မှန်တယ်ဗျ။ ရဟတ်ယာဉ်သုံးတာ မသုံးတာတော့ ကျွန်တော်လည်း ဂဃနဏ မသိဘူး။ တိုက်ပွဲဖြစ်တာက AAက အဲဒီနေရာတွေမှာ လှုပ်ရှား နေတာဖြစ်တဲ့ အတွက်လိုက်တိုက်နေတာပါ။ ရဟတ်ယာဉ်က လိုအပ်ရင်သုံးရမှာပေါ့ဗျာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော လောင်းပုပ်တောင်သည် အောင်မြကျော် ကျေးရွာနှင့် တစ်မိုင်ခန့်အကွာတွင်တည်ရှိပြီး မြိုတိုင်းရင်းသားများနေထိုင်ကြောင်း၊အိမ်ခြေ ၆၂ ဆောင်ရှိကြောင်း၊ ဒေသခံများ ထိခိုက်မှုမရှိခဲ့သော်လည်း ကျေးရွာသားများကြောက်လန့်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.