Preview

အာဖဂန်နစ္စတန်တွင် ဗလီ ဗုံးကွဲ၍ အနည်းဆုံး ၆၂ ဦးသေပြီး ၁၀၀ ကျော်ဒဏ်ရာရ

အောက်တိုဘာ ၁၈/ ၂၀၁၉ | ကြည့်ရှုသူ :9177
နိုင်ငံတကာ သတင်း

နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂၀၁၉

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းမှ ဗလီတစ်ခုတွင် သောကြာနေ့က ဘုရားဝတ်ပြု ဆုတောင်းရန် လူများစုရုံးနေစဉ် ဗုံးပေါက်ကွဲ၍ အနည်းဆုံး လူပေါင်း ၆၂ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာ၇သွားခဲ့သည်။

နိုင်ငံ၏ အရှေ့ပိုင်း Haska Mena ခရိုင် Jawdara ဧရိယာရှိ ဗလီအတွင်း ထားရှိသော  ဖောက်ခွဲရေး ပစ္စည်း အများအပြား  ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည် အစိုးရတာဝန်ရှိသူက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဗလီ၏ ခေါင်မိုးမှာ လွင့်စင်ကျသွားပြီး ဗလီမှာ လုံး၀လဲပြိုကျသွားခဲ့သည်ဟု ဆိုသည်။

သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်သည်ဟု မျှော်လင့်ရကြောင်း  Nangarhar ဒေသ၏ ကောင်စီဝင် တစ်ဦးဖြစ်သူ Sohrab Qaderi က ပြောကြားလိုက်ပြီး ဒဏ်ရာ၇သူမှာ ၁၀၀ ကျော်သည်ဟု ဆိုသည်။

ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းဧရိယာကို အာဖဂန်ရဲတပ်ဖွဲ့က ထိန်းချုပ်လိုက်သည်ဟု သိ၇သည်။

ယခု ဗုံးဖောက်ခွဲမှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဟု သိ၇သည်။


“Blasts in Afghanistan mosque kill at least 62, wound more than 100”

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.