Preview

မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့

အောက်တိုဘာ ၂၁/ ၂၀၁၉ | ကြည့်ရှုသူ :4059
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ အောက်တိုဘာ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာအနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား ယမန်နေ့ညနေက ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၀ ရက် (ယမန်နေ့) ညနေ ၅နာရီခန့်က လက္ကာကျေးရွာ၏ အရှေ့ဘက် ငန်းတောင် တောင်ခြေရင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမှာ  ညနေ ရနာရီထိ ဖြစ်ပွားခဲ့သည်ဟု ပီပင်ရင်းရွာသို့ ထွက်ပြေးခိုလှုံရန် ရောက်ရှိနေသူ လက္ကာရွာသားတစ်ဦးက  နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

" ဖြစ်တဲ့နေရာက လက္ကာကျေးရွာရဲ့အရှေ့ဘက် ၄ဖာလုံလောက်အကွာရှိမယ်ထင်ပါတယ်။ ငန်းတောင်နဲ့ ရန်ကာဘုရားတောင်ကြားမှာပါ။ ကျနော်တို့ရွားသားတွေကလည်း မနေ့က တိုက်ပွဲ ဖြစ်တဲ့နေ့ကတည်းကနေ ပြေးနေကြရတာ အခုဆို ရွာမှာ လူတောင်မရှိတော့ဘူး " ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားခြင်းမှာ လက္ကာကျေးရွာအတွင်း တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းတခုအားကားဖြင့် ရိက္ခာလာပို့စဉ် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပီပင်ရင်းကျေးရွာမှ အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးကလည်း တိုက်ပွဲနှင့် ပတ်သက်ပြီး ပြောကြားသွားသည်။

တိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မြောက်ဦးအမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ဆက်သွယ်မေးမြန်းခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကို အတည်ပြု ပြောကြားသည်။

"လက္ကာကျေးရွာထွက်၀ ပြိုင်းတောင်အနီးမှာလို့ ဒေသခံတွေက ပြောကြပါတယ်။ တိုက်ပွဲက နာရီနဲ့ ချိဲပီး ဖြစ်နေတယ်ထင်ပါတယ်။ အခုတိုက်ပွဲတွေက ရှေ့ဆိုင် ဖြစ်ကြတာ များတဲ့အတွက် လက်နက်ငယ် သံတွေကို ပိုကြား၇ပါတယ်" ဟု ဦးထွန်းသာစိန်က ပြောသည်။

အောက်တိုဘာ ၁၉ရက်နေ့ နံနက်စောပိုင်းကလည်း မြောက်ဦးမြို့နယ် လက္ကာရွာ၊ ဝေသာလီရွာအနီးဝန်းကျင်တို့တွင်  မြန်မာ့တပ်မတော်နှင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၀ ရက်နေ့တွင် ထပ်မံ ဖြစ်ပွားခြင်း ဖြစ်သည်။ 

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.