သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၂၇/ ၂၀၁၉
၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အတွင်း အောက်တိုဘာ ၂၆ရက်နေ့ နှင့် ၂၇ ရက်နေ့ များတွင်၂ ရက်ဆက်တိုက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ၁၀နာရီခန့်က စတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား မင်းပြားမြို့နယ် ပန်းမြောင်းအရှေ့ဘက် တောင်ဖြူတောင်အနီးတွင် အပြန်အလှန် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားလျှက် ရှိနေကြောင်း မင်းပြားမြို့နယ် ပြင်ယောင်း ကျေးရွာသားတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“မင်းပြားပန်းမြောင်းအရှေ့ဘက်မှာ တိုက်ပွဲ အပြန်အလှန် ဖြစ်နေပါတယ်။ မနက်ကနေဖြစ်နေတာပါ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်နေတာကြားနေရပါတယ်။ အခုလည်း ကြားနေ၇တုန်းပါ။ အဲ့ဒီမှာ တိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ ဆို ၂ ရက်ဆက်တိုက် ရှိပြီ” ဟု ယနေ့ နံနက် ၁၁ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် ပြင်ယောင်းကျေးရွာသားတစ်ဦးက ပြောသည်။
ဆက်လက်ပြီး မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာသားတစ်ဦးကလည်း ၄င်းတို့ကျေးရွာရှေ့ဘက် ၁ မိုင်ခန့် အကွာ မင်းပြားမြို့နယ် တောင်ဖြူတောင်အနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ပြင်းထန်စွာ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားနေခြင်းမှာ ဟုတ်မှန်ကြောင်း ယနေ့ နေ့လည် ၁နာရီ ၄၅မိနစ်က ဆက်သွယ်မေးမြန်းစဉ် ယခုလို ပြောသည်။
“မနက် ၁၀ နာရီကနေ စဖြစ်တာပါ။ အခုထိကြားနေရ တုန်းပါ။ လက်နက်ကြီး လက်နက်ငယ်အသံတွေ အဆက်မပြတ်ကြားနေရပါတယ်။ မနေ့ကလည်း အဲ့ဒီဘက်မှာဖြစ်တယ်။ ဒီနေ့လည်း ဖြစ်နေပါပြီး။ အသံတွေ အကျယ်ကြီးကြားနေ၇ပါတယ်” ဟု ၄င်း ကျောင်းတောင်ကျေးရွာသားတစ်ဦး ကပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ မြောက်ဦးမြို့နယ် ကျောင်းတောင်၊ မင်းပြားမြို့နယ် ပန်းမြောင်း၊ မြိုချောင်း၊ စသည့် ကျေးရွာများအနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့် လယ်ကွင်းများတွင် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုများရှိနေပြီး ရွာသားများ လယ်ထဲသို့ မသွားရဲ ဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။
မင်းပြားမြို့နယ် အတွင်းတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဒေသခံများပြောဆိုချက်ကို အတည်ပြုနိုင်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ယနေ့ နံနက် ၁၀နာရီ ၅၇ မိနစ်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ထိုတိုက်ပွဲအတွင်း ဗုံးပါကြဲအုံးမည်ဟု ပြောသည်။
----------------------
Unicode: