နိရဥ္စရာ၊ အောက်တိုဘာ ၂၈/၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းဗျူဟာကို ရက္ခိုင့်တပ်တော် (AA) က ယနေ့နံနက် ၅နာရီခွဲက တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပေးပို့သော သတင်းအရ သိ၇သည်။
“ ကျွန်တော်တို့ သေနတ်သံတွေကြားတာက မနက် ၅ နာရီခွဲမှာ စကြားပါတယ်။ ဒီကနေ့ နံနက် ၁၀ နာရီမထိုးခင် အချိန်လောက်ကမှ သေနတ်သံတွေ ရပ်သွားပါတယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိပါ။ ရွာသားတွေက ရွာထဲမှာ နေနေကြရပါတယ်။ ရွာပြင်ကို ထွက်လို့မရပါဘူး” ဟု အနီးအနားရှိ ကျေးရွာတစ်ရွာမှ ရွာသား တစ်ဦးက ပြောသည်။
ရေစိုးချောင်းဗျူဟာကုန်းကို အေအေမှ ပစ်ခတ်ပြီးနောက် စစ်တပ်မှ လက်နက်ကြီးများဖြင့် အနီးအနားရှိ တောင်တန်း တောင်ကုန်းများကို နံနက် ၁၀ နာရီ နီးပါးထိ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ပြောဆိုသည်။
တိုက်ပွဲမှ ထွက်ပေါ်လာသော သေနတ်သံများကို အနီးအနားကျေးရွာများမှလည်း ကြားခဲ့၇သည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေသို့ ဆက်သွယ်ရာ ယနေ့နံနက်ပိုင်းက ရေစိုးချောင်းဗျူဟာတွင် တိုက်ပွဲ ဖြစ်ပွားသည်ကို ကျေးရွာသားများ ပြော၍ သိရကြောင်း၊ အသေးစိတ် အချက်အလက်များကို မသိရှိရသေးကြောင်း ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်မှ အတည်ပြုချက်ရယူလိုသဖြင့် ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။
-----------------------------------------
Unicode:
နိရဉ်စရာ၊ အောကျတိုဘာ ၂၈/၂၀၁၉