ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၁/၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းကျေးရွာအနီးရှိ မင်းကျွန်းမှနေ၍ ရက္ခိုင်တပ်တော် (AA)မှ ကျွန်းအနီး မေယူမြစ်ထဲမှ တပ်မတော် ရေတပ် သင်္ဘာကို တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
“ ကျွန်တော်တို့ လက်နက်ကြီး ငါးချက် ခြောက်ချက် စကြားရတယ်။ အဲဒီနောက်လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်သံကြားရတယ်။ ဖြစ်တာက မင်းကျွန်းတောင်ဘက်က ရေတပ်သင်္ဘောကို မင်းကျွန်းကနေ အေအေဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်ပါတယ်။ ပီးရင် အပြန်အလှန်ပစ်ခတ်သံတွေကို ကြား၇ပါတယ်။ ကြားတာကတော့ ၁၅ မိနစ်လောက်ကြာပါတယ်” ဟု အနီးအနားရှိ အောက်ကျောင်းတောင် ကျေးရွာသား တစ်ဦးက ပြောသည်။
ပစ်ခတ်မှုမှာ နေ့လယ် တစ်နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
၎င်းပစ်ခတ်ခံရသည့် အထဲတွင် ရေတပ်သင်္ဘောတစ်စီး၊ အမြန်ရေယာဉ်ငယ် တစ်စီးနှင့် ဝန်တင်ရေယာဉ် ဇက်သင်္ဘောတစီ်းတို့ ပါဝင်သည်ဟု သိရသည်။
“ ပစ်သံတွေတော့ အနီးကပ်ကြားရပါတယ်။ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ မသိ၇ပါဘူး။ အခု လောလောဆယ်တော့ အသံတိတ်သွားပါပြီ” ဟု ယနေ့ နေ့လယ် ၁ နာရီခွဲက ဆက်သွယ်စဉ် ပြောကြားသည်။
လက်ရှိတွင် ၎င်းရေတပ်သင်္ဘောများမှာ မေယူမြစ်အတိုင်း ဆန်တက်ပြီး ပြိန်းတောဘက်ကို ခုတ်မောင်သွားသည်ဟု ၎င်းကျေးရွာသားက ပြောကြားသည်။
----------------------
Unicode:
နိရဉ်စရာ၊ နို၀ငျဘာ ၁/၂၀၁၉