Preview

မောင်တောမြို့နယ် ရွှေရင်အေးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွာ:

နိုဝင်ဘာ ၀၁/ ၂၀၁၉ | ကြည့်ရှုသူ :7414
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ရွှေရင်အေး ကျေးရွာအနီး ယနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းမိုင်းမှာ ရွှေရင်အေး ကျေးရွာအနီး တပ်ဦးချောင်းအုပ်စု နှင့် ညောင်ချောင်းကျေးရွာ အကြားတွင် နေ့လယ်၁၂ နာရီခန့်က ပေါက်ကွဲခဲ့ကြောင်း ရွှေရင်အေး ကျေးရွာအုပ်ချုပ်ရေးမှူး က အတည်ပြု ပြောကြားသည်။

အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လှက “ကျနော်တို့က ဘာမှမသိဘူး။ ကျနော်တို့က ဒီနေ့ ပုံမှန်အစည်းအဝေး မယက ကို လားနေပါတယ်။ မိုင်းပေါက်တာတော့ ဟုတ်ပါတယ်။ အတည်ပြုလို့ရ ပါတယ်။ ပေါက်တဲ့ နေရာကို ကျနော်သွားကြည့်တော့ ပေါက်တဲ့နေရာမှာ ကျင်းကြီးပေါ်သွားတာတွေ့တယ်”  ဟု ပြောသည်။

ဆက်လက်ပြီး ခရေမြိုင်ကျေးရွာသားတစ်ဦးက ရွှေရင်အေး ကျေးရွာသို့ လာစဉ် ထိုပေါက်ကွဲမှုကြောင့် လမ်းတွင် ရဲနှင့် စစ်တပ်၏ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရကြောင်း၊ ဝေသာလီကောက်ကွင်းအနီးတွင် သုံးဘီး သမားနှစ်ဦးနှင့် ဆိုင်ကယ်မောင်းလာသူ တစ်ဦးကိုလည်း ခေါ်ယူ စစ်ဆေးနေသည်ကို မြင်တွေ့ခဲ့၇ကြောင်း ပြောသည်။

“ပေါက်တာက ၁၂ နာရီကျော်လောက် ကျမယ်ထင်တယ်။ ကျနော်ရွှေရင်အေးကို လာတဲ့အချိန်မှာ ပေါက်တာပါ။ ပေါက်တဲ့နေရာ နားမှာ စစ်တပ်နှင့် ရဲတွေအများကြီးရောက်နေတာ တွေ့တယ်။ ကျနော်လည်း ကြောက်လို့ ပြေးလာခဲ့တယ် ” ဟု ခရေမြိုင်ကျေးရွာသား တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း  ခရေမြိုင်ကျေးရွာနှင့် ဗောထီးကုန်းကျေးရွာကြားတွင် မိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

---------------------------

Unicode:










#မိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.