Preview

ကုလားတန်မြစ်အတွင်း အိန္ဒိယဝန်ထမ်း ၅ ဦး၊ စကားပြန် ၂ ဦး ပျောက်ဆုံးနေ

နိုဝင်ဘာ ၀၃/ ၂၀၁၉ | ကြည့်ရှုသူ :3418
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၃/ ၂၀၁၉

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၊ အိန္ဒိယ ဝန်ထမ်း ၅ ဦးနှင့် အတူ စကားပြန် ၂ ဦးတို့ ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

၎င်းတို့သည် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်က ပလက်၀မြို့မှ စစ်တွေမြို့သို့ စပိဘုတ်ဖြင့် ကုလားတန်မြစ်အတိုင်း ဆင်းလာရာ ကျောက်တော်မြို့နယ် အရောက်တွင် ပျောက်ဆုံးနေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိ တစ်ဦးက ပြောသည်။

သူတို့စီးလာသော စပိဘုတ် Speed boat အခွံများကို ယနေ့ ညနေ ၃ နာရီက ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအနီး ကုလားတန်မြစ်ဘေးတွင် တွေ့ရှိ၇သည်ဟု ဆိုသည်။

ပျောက်ဆုံးနေသူ အိန္ဒိယဝန်ထမ်း ၅ ဦးမှာ ပလက်၀- ဇိုရမ်ပူရ် (၂) လမ်းသွားကားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်း India co., Ltd. မှ ဝန်ထမ်းများဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဒေသအတွင်း ဖြစ်ပေါ်နေသော သတင်းအ၇  ပလက်၀မြို့နယ် အမျိုးသားလွှတ်တော် ဦးဝှေ့တင်းနှင့် အိန္ဒိယဝန်ထမ်း ၅ ဦး အပါအဝင် လူ ၉ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းဆက်သွယ်မှု မရရှိခဲ့ပါ။

ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းသို့ ဆက်သွယ်ရာ အတည်ပြုချက်ရယူရန် လိုက်လံ စုံစမ်းနေတုန်းဖြစ်သဖြင့် မပြောနိုင်သေးကြောင်း၊ အပေါ်က ဆင်းလာသည်ဟုသာ သိ၇သေးကြောင်း ပြောကြားသည်။

---------------------

Unicode



နိရဉ်စရာ၊ နို၀ငျဘာ ၃/ ၂၀၁၉








#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.